အပိုင်း(၉၂)

4.2K 738 43
                                    

(Unicode)

တင်းကောမှာ သူပေါက်ကရတွေလျှောက်ပြောနေစဥ် လူအများကြီးဆီမှ အမိခံလိုက်ရမည်ဟု မထင်ထားမိချေ။ ဘယ်လို​တောင်ရှားပါးလိုက်တဲ့ဖြစ်စဥ်လဲ။

သူက လည်ချောင်းရှင်းလိုက်ရင်း

“အတည်ပြောနေတာမှမဟုတ်တာ-”

“တော်စမ်းပါ မင်းအကြောင်းငါမသိဘူးများထင်နေလား?”

ပြီးခဲ့သည့်ဖုန်းနှင့်ချသည့်ပွဲစဥ်တွင် PUDမန်နေဂျာဘက်က ရှုံးထားရာ အခုတစ်ခေါက် သူအသာစီးရနေချိန်မှာ​တော့ ဒီတိုင်း လွှတ်​ပေးလိုက်ရန် အစီအစဥ်မရှိ။

“Ultပစ်တာလွဲဖို့ အိပ်ရင်းလမ်းလျှောက်တာတို့က ထားလိုက်ဦး။ အစားမှားပြီး ဝမ်းလျှောတာအထိတောင် ငါတို့ကိုကျိန်နေသေးတယ်! ဖျက်ဆီးရေးသမား! ရက်စက်ပြီး အကြင်နာမဲ့တဲ့သူ!!!”

ကျန်းရုန်က ခေါင်းငုံ့လျက်ဖြင့် တင်းကောလက်ထဲမှအမွှေးတိုင်တွေကို ယူလိုက်မည်အပြု လက်လှမ်းလိုက်ချိန် လေကိုသာ ဖမ်းဆုတ်မိသွားသည်။

တင်းကောကလည်း အမွှေးတိုင်တွေကို တင်းတင်းဆုပ်ကာ ပြန်လည်တိုက်စစ်ဆင်သည်။

“အေး ဟုတ်တယ် ငါကဖျက်ဆီးရေးသမား။ မင်းကရောဘာထူးလဲ?”

PUDမန်နေဂျာ : “ငါကဘာဖြစ်လို့လဲ?! မင်းငါ့ကိုမဟုတ်တမ်းတရားတွေ ထပ်စွပ်စွဲတော့မလို့မဟုတ်လား ဟမ်!”

“ဒါဆို မင်းငါ့ကိုပြောကြည့်လေ။ ဒီကိုဘာလာလုပ်တာလဲ? မိုးရွာအောင်လာဆုတောင်းတာလား?”

တင်းကောက ချက်ကောင်းကို တည့်ဆော်ထည့်လိုက်ပြီး

“ငါတို့ရှုံးအောင် မင်းမဆုတောင်းဘူးလို့ ချီးစားပြောတောင်မယုံဘူးကွာ!”

အခုလေးတင် ကားထဲတွင် Saviorအား “ပြိုင်ပွဲမစခင် လူကိုဆဲလိုက်မိလို့ Soft ပြိုင်ပွဲမှအပိတ်ခံရပါစေ” ဟု ဆုတောင်းရန် သင်ပေးထားသည့် PUDမန်နေဂျာမှာ ချက်ချင်း မျက်နှာရဲသွားတော့သည်။

“သေချာပေါက် ငါမလုပ်ဘူး!”

တင်းကောက နှာမှုတ်လိုက်ကာ

||Complete|| I Can Do It [MM Translation]Where stories live. Discover now