အပိုင်း(၃၉)

5.4K 846 91
                                    


[Unicode]

​ယောကျာ်းတစ်​ယောက်ကလည်း အခြား​ယောကျာ်းတစ်​ယောက်နဲ့ ချိန်း​တွေ့လို့ရတယ်

ပြိုင်ပွဲ​နေ့သို့အ​ရောက်တွင် ရှန်ဟိုင်း၌ အပူချိန်ထိုးကျသွားသည်။ ကျန်းရုန်က​တော့ ဘတ်စ်ကား​ပေါ်တွင်လည်း အပူ​ပေးစက်ရှိပြီး အားကစားရုံထဲမှာလည်း ​နွေး​နေမည့်အ​ကြောင်း ​စဥ်းစားလိုက်မိ​တော့ အသင်းယူနီ​ဖောင်းတစ်ထည်တည်းသာဝတ်ပြီး ​အောက်ထပ်ဆင်းလာခဲ့သည်။ အဆုံးမှာ​တော့ ကျန်းရုန်မှာတင်း​ကောဆီက​နေ ​နောက်ထပ်ကုတ်တစ်ထပ်သွားဝတ်ဖို့ တွန်းအား​ပေးခံလိုက်ရ​လေသည်။

သူ့အခန်းထဲကမထွက်ခင် အချိန်အ​တော်ကြာသည်အထိ ကျန်းရုန် ချီတုံချတုံဖြစ်​နေပြီးမှ ​နောက်ဆုံးတွင်​တော့ နံရံ​ပေါ်တွင်ချိတ်ထားသည့် တစ်ခုတည်း​သောမာဖလာကို လည်ပင်းတွင်ပတ်လိုက်​တော့သည်။

"အဲ့ဒီမာဖလာကိုတကယ်ကြီးသုံး​နေတာလား" သူကား​ပေါ်ကို​ရောက်​ရောက်ချင်း ​ရှောင်ပိုင်က ထို​မေးခွန်းအား အံ့သြသွားဟန်နှင့် မျက်လုံးပြူးကာ​မေးလာသည်။

လု​ပေါ်ယွမ်​မော့ကြည့်လိုက်သည်။ ကျန်းရုန်က အဖြူ​ရောင်ပါကာကုတ်အင်္ကျီကို ဝတ်ထားပြီး ခဲ​ရောင်မာဖလာကို လည်ပင်းတွင်ပတ်ထားသည်။ သူကမာဖလာအား ဂရုတစိုက်မရှိ ​လျော့ရိ​လျော့ရဲပတ်ထားကာ မာဖလာက သူ့ရဲ့နှာ​ခေါင်းနားထိ ဖုံးအုပ်ထားသည်​ကြောင့် ကျန်းရုန်ရဲ့မျက်နှာအား နဂိုထက်ပင်ပို​သေးသ​ယောင် ထင်ရ​စေသည်။

"စာလုံး​တွေကို ​နောက်မှာထားတာ​တော့ မြင်ရမှာမဟုတ်ဘူး" အပြင်မှာအရမ်းကို​အေးလွန်း​နေသည့်အတွက် စကား​ပြောလိုက်သည့်အခါ ကျန်းရုန်ပါးစပ်ထဲက​နေ အဖြူ​ရောင်မြူ​ငွေ့တို့ ထွက်လာသည်။ "ဘယ်လိုပဲဖြစ်ဖြစ် အားကစားရုံ​ရောက်ရင် ချွတ်ထားရမှာပဲ​လေ"

​ရှောင်ပိုင် ကျန်းရုန်အား "အို့"ဟုပြန်​ဖြေလိုက်ပြီးမှ လု​ပေါ်ယွမ်ကို လှည့်ကြည့်လိုက်သည်။ "​ကော၊ ဘာလို့​ ကောပရိတ်သတ်​တွေပို့လိုက်တဲ့ မာဖလာဝတ်မလာတာလဲ? ​ကောရတဲ့မာဖလာ​တွေအားလုံးက ​အ​သေးစိတ်လုပ်ထားရတာ​တွေချည်းပဲ။ တစ်ထည်မှာဆို အသင်းတံဆိပ်​သေး​သေး​လေး​တောင် ပါ​သေးတယ်"

||Complete|| I Can Do It [MM Translation]Where stories live. Discover now