အပိုင်း(၁၀၄)

3.7K 613 28
                                    

(Unicode)

ကျန်းရုန် အခြေစိုက်စခန်းဆီပြန်ရန် ခလုတ်ကိုနှိပ်လိုက်သည့်အခိုက် သူ့မှာ နားပင်ကန်းသွားလုနီးပါး။

ရှောင်ပိုင်၏ဦးရေပြားတစ်ခုလုံးက ထုံကျင်နေပြီး-

“ဝါးးးးးးးး မိုက်လိုက်တာ! သောက်ရမ်းမိုက်ချက်!!!”

Pine : “မိုက်တယ်”

ယွမ်ချန် : “အားးးးးး ဝါးးးးးးး”

Moon : “အား အား အား!!!”

အနောက်ဘက်ရှိ သူတို့အသင်း၏စကားဝိုင်းကို ကြီးကြပ်နေရသည့်တာဝန်ခံမှာ မျောက်လေးကောင် ဂိမ်းကစားနေသလို ခံစားလိုက်ရသည်။

ကျန်းရုန်က ငါးယောက်တွဲကစားရသည်ကို သဘောမကျပေ။ သို့ဖြစ်ရာ သူလက်ရည်သာနေတိုင်း အများဆုံးကြုံရသည်က ပွက်လောရိုက်နေသည့် Barrageကြီးသာဖြစ်တာကြောင့် အခုက ပထမဆုံးအကြိမ်အဖြစ် အသံထွက်သည့်Barrageမျိုးကို ကြားဖူးခြင်းဖြစ်သည်။

ဒီအချက်က ကျန်းရုန်အား ပစ္စည်းဝယ်နေရင်း ခဏလောက်ရပ်တန့်သွားစေပြီး သူကပြောလာခဲ့သည်။

“ဒါပြီးရင်Baronဆီသွားလို့ရပြီ”

“ဘာလို့ဒီလောက်မိုက်နေတာလဲ?!” ယွမ်ချန်က ပင့်သက်ရှိုက်လိုက်ရင်း “ဒီလိုမျိုး ဆီမီးဖိုင်နယ်ပွဲမှာ 1v5နိုင်အောင်တိုက်နိုင်တာမျိုး အခုမှမြင်ဖူးတာ!!!”

Moonက သူ့သွယ်ဝိုက်စကားကို သဘောပေါက်သွားပြီး

“ပုံမှန်ရာသီပွဲမှာရော ဖြစ်ဖူးလို့လား?”

“ဖြစ်ဖူးတယ်လေ။ Masterလည်း ပုံမှန်ရာသီပွဲမှာ 1v5နိုင်ဖူးတယ်။ ဒါပေမယ့် သူကLeblancကိုင်ထားတာ။ အဲ့ကောင်က Cassiopeiaနဲ့ယှဥ်ရင် နိုင်ဖို့ ပိုလွယ်တယ်လေ။ ရှောင်ရုန် မင်းသောက်ရမ်းကြမ်းချက်ပဲ!!!”

ရှောင်ပိုင်ကပြောလာသည်။

“ငါ့တစ်ကိုယ်လုံး ကြက်သီးတွေတဖျန်းဖျန်းထနေတာ။ မင်းမယုံရင် ငါ့လက်မောင်းကို Pပေါင်ကိုကိုင်ခိုင်းကြည့်! တကယ်ပြောတာ!!!”

“ငါ့ကိုပြိုင်ပွဲဝင်ခွင့်အပိတ်ခံစေချင်နေတာလား?”

Pine၏လေသံကတော့ ထုံးစံအတိုင်း တည်ကြည်နေဆဲ။

||Complete|| I Can Do It [MM Translation]Where stories live. Discover now