အပိုင်း(၅၉)

4.9K 760 84
                                    


(Unicode)

"ကိုယ်ကမိဘ​လား က​လေး​လား?"

နောက်တစ်​နေ့​ရောက်လို့ တင်း​ကောBaseဆီ​​ရောက်သည့်အချိန် လု​ပေါ်ယွမ်ကလည်း အ​ပြေး​လေ့ကျင့်ခန်းလုပ်ပြီး ပြန်​​ရောက်ခါစဖြစ်သည်။

"မင်းသွား​ပြေးတာလား? မင်းခန္ဓါကိုယ်က​​ရော သက်သာ​သေးလို့လားကွာ? ဒီလို​နေ့ခင်းပိုင်းကြီး...." အ​ပေါ်ထပ်ကိုတက်​တော့မည့် လု​ပေါ်ယွမ်ကို တင်း​ကောကတားလိုက်ပြီး "ပြီး​တော့ မင်းကိုဒီအ​ကြောင်းဘယ်နှစ်ကြိမ်​တောင် ​ထပ်​ပြောရဦးမလဲ? အမှိုက်သွားပစ်ရင်​တောင် ဦးထုပ်​တော့​ဆောင်းသွားပါကွ ၊ အိမ်ပတ်ဝန်းကျင်မှာ ပရိသတ်​တွေ လာပြီးစားတဲချ​နေတတ်တာ မသိဘူးလား....."

"ကျွန်​တော်အ​ဝေးကြီးမသွားပါဘူး" လု​ပေါ်ယွမ်မှာ ကူကယ်ရာမဲ့စွာ ရပ်လိုက်ရပြီး သာမန်ကာလျှံကာ ပုဝါတစ်ထည်ကို ​ကောက်ကိုင်လိုက်ပြီး သူ့မျက်နှာကိုသုတ်လိုက်၏။ "ပြီး​တော့ ကျွန်​တော်အဲ့အ​ကြောင်းကို​ပြောပြီးသား​လေ အဲ့​လောက်ထိမဆိုး​သေးဘူးလို့"

"မင်းကိုယ်မင်း တစ်ချိန်လုံး သာမန်လူလို့​တွေး​နေတာ​တွေ ရပ်လိုက်​တော့ ၊ နည်းနည်း​လောက်နိုးထစမ်းပါ ၊ မင်းရဲ့တန်​ကြေးက အချို့အနုပညာရှင်​တွေထက်​တောင် ပိုမြင့်တယ်​နော်!" တင်း​ကော​ပြောပြီးသည့်​နောက် လု​ပေါ်ယွမ်ရဲ့လက်ကိုကြည့်လိုက်ပြီး "လက်ကနာ​နေတုန်းလား? ငါသာမိုမီတာသွားယူလိုက်ဦးမယ်....."

လု​ပေါ်ယွမ်က Break roomဆီ ဦးတည်ကာ​လျှောက်သွားလိုက်သည်။ "ကျွန်​​တော်တိုင်းကြည့်ပြီးသား အဖျားကျသွားပြီ ၊ လက်ကလည်းအဆင်​ပြေပါတယ်"

( T/N : Break roomဆိုတာ ​ကော်ဖီတို့၊မုန့်တို့ထားတဲ့​နေရာကို​ပြောတာပါ။ မီးဖို​ချောင်သ​ဘောမျိုး​ပေမယ့်   အတိအကျတူတာမျိုး​တော့မဟုတ်ဘူး)

တင်း​ကောက သူ့​နောက်က​နေ လိုက်ဝင်လာသည်။ "ဆရာဝန်​ပြောတာကြားတယ်မလား မင်းရဲ့​လေ့ကျင့်ချိန်က တအားများ​နေ​သေးတယ်တဲ့။ ဒီလိုဆိုရင်​​ရောဘယ်လိုလဲ ၊ ​နောက်ပြိုင်ရမယ့်ပွဲက Throneနဲ့​လေ ၊ ဒီရာသီမှာသူတို့ကသာမန်​လောက်ပဲဆို​တော့ အဲ့ပွဲကျရင် Moonကိုလွှတ်လိုက်မယ်? မင်းနားလို့ရတာ​ပေါ့"

||Complete|| I Can Do It [MM Translation]Where stories live. Discover now