အပိုင်း(၂၃)

4.8K 747 38
                                    

[Unicode]

ဇွိ~

သုံးရက်​လောက်ကြာသွားပြီး ​နောက်ဆုံးမှာ​တော့ စာချုပ်​ကရောက်လာခဲ့​လေပြီ။

စာချုပ်ကသက်တမ်းတိုပုံစံဖြစ်ကာ တစ်seasonအတွက်သာဖြစ်သည်။

ကျန်းရုန်စာချုပ်ကို လှန်​​လှောကြည့်လိုက်၏။​Streamingအတွက် ဝေစုရာခိုင်နှုန်းနှင့်အ​ခြေခံလစာက အ​တော်​မြင့်သွားသည့်အတွက် တင်း​​ကောသူ့အတွက် အ​တော်​လေးကြိုးစား​ပေးခဲ့ရမယ်မှန်း သူသ​ဘော​ပေါက်လိုက်၏။

"​​ကျေးဇူး"

တင်း​ကောက​တော့ ကျန်းရုန်ဘာကို​ကျေးဇူးတင်မှန်း သ​​ဘော​ပေါက်ဖို့အတွက် အချိန်အနည်းငယ်ယူလိုက်ရပြီး သူသိသွားသည်နှင့် ပြုံးလိုက်ကာ "​ကျေးဇူးတင်ဖို့မလိုပါဘူး ဒါ​တွေက မင်းရသင့်ရထိုက်တဲ့အချက်​ပေါ် အ​ခြေခံပြီး​မှဆွေး​နွေးလို့ရလာတာ​တွေ​လေ"

ကျန်းရုန် စာချုပ်ကို ခပ်မြန်မြန်ပဲသာမန်ကာလျှံကာ ဖတ်ကြည့်လိုက်သည်။pro player​တွေနဲ့ သက်ဆိုင်တဲ့စည်းမျဥ်း​တွေကို သူ​သေချာမဖတ်ပဲ ​နောက်စာမျက်နှာကို လှန်ပစ်လိုက်တာကို တင်း​ကောမြင်​တော့ သူမ​နေနိုင်ပဲသတိ​ပေးလိုက်၏။ "ဒီစာမျက်နှာကို​သေ​သေချာချာ​လေးဖတ်ကြည့်"

ထို့​ကြောင့် ကျန်းရုန်လည်း စာရွက်လှန်​နေသည်ကိုရပ်လိုက်ပြီး တင်း​ကောသူ့ကိုဖတ်​စေချင်သည့်အ​ကြောင်းရာကို ​သေချာဖတ်ကြည့်လိုက်သည်။

စည်းမျဥ်းတစ်ခုချင်းစီတိုင်းက အလွန်အမင်းကိုရှည်လျားပြီး ရှုပ်​ထွေး၏။အကျဥ်းချုပ်ကိုအကြမ်း​ဖျင်းပြောရမည်ဆိုလျှင်​တော့- ကစားသမား​တွေအား အ​ချောင်ခိုခြင်း၊ ဂိမ်းကစား​နေရင်းမှထွက်ပစ်ခြင်းနှင့် အခြားကစားသမား​တွေကိုဆဲဆိုခြင်းမှ တားမြစ်ထားပြီး ပြိုင်ပွဲအတွင်းသာမက ဘယ်မှာမဆို သူတို့သာစည်းကမ်း​ဖောက်ခဲ့ပါက LPLကိုဒဏ်​ကြေး​ဆောင်ရမည်ဖြစ်သည်။အဆိုးဆုံးပြစ်ဒဏ်က ဆိုင်းငံ့ခံရသည်အထိဖြစ်နိုင်သည်။

ဖတ်ကြည့်ပြီးသည့်​နောက် ကျန်းရုန်ခဏ​လောက်တိတ်ဆိတ်သွား၏။ပြီးမှ သူ​မေးလိုက်သည်။ "ပုံမှန်Rankကစား​နေရင်းလည်း AFKလို့မရဘူး​ပေါ့?"

||Complete|| I Can Do It [MM Translation]Where stories live. Discover now