[Unicode]"စောက်ပိန်း"
ထိုအခိုက်မှာတော့ တင်းကောတစ်ယောက် ကျန်းရုန်ကပဲ ရှေ့ဖြစ်ဟောနိုင်တာလား LPLကပဲ ရည်ရွယ်ချက်ရှိရှိ ပြဿနာမီးထွန်းရှာတာလားဆိုတာ မသိတော့ပါချေ။
Barrageတစ်ခုလုံးကလည်း အုတ်အော်သောင်းတင်းဖြစ်ကာ ကွန်မန့်တွေလည်း အရမ်းများလာတာကြောင့် နောက်ကျမှရောက်လာတဲ့ water friendsတွေမှာ ပြိုင်ပွဲအချိန်ဇယားကို သေချာမြင်နိုင်ဖို့အတွက် Barrageကိုပါ ပိတ်လိုက်ရတော့သည်။
[သူတို့နဲ့Squidနဲ့? စောက်ရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်!!!]
[အရင်ကတော့ နွေဦးရာသီပွဲတွေကို သိပ်စိတ်မဝင်စားပေမယ့် အခုတော့ လက်မှတ်ပြေးဝယ်လိုက်ဦးမယ် သားလေး ဒီဖေဖေ မင်းကိုဘယ်လိုSupportမယ်ဆိုတာ စောင့်ကြည့်နေလိုက်တော့]
[အာားးး လောင်ကုန်းရေ အဲ့ဒီစောက်ရူးတို့ဖူးကို ရိုက်ချပစ်လိုက်တော့!!!]
[သူတို့နှစ်ဖွဲ့ကပြိုင်ရမှာ? ဇာတ်လမ်းထဲကအကွက်တွေနော် LPLကတော့အမေးဇင်းပါပဲ]
[ဟဲဟဲ အခုတော့ရယ်ထားလိုက်ပါဦး စောက်ရူးTTC fanတွေ YYသာနိုင်သွားလို့ကတော့ Tiebaမှာဒီကိစ္စကို ဆယ်နှစ်လောက်ဟားတိုက်လိုက်ဦးမယ်]
[YYကနိုင်မယ်? အိမ်မက်သာမက်နေပါတော့]
"တော်ပြီ" တင်းကောက နာရီကိုလှမ်းကြည့်လိုက်ပြီး ကွန်ပျူတာနောက်ကနေ သူတို့ကို Livestreamရပ်လို့ရပြီဖြစ်ကြောင်း အချက်ပြလာသည်။
Streamကိုပိတ်လိုက်ပြီးတာနှင့် သူတို့အားလုံး လေ့ကျင့်ရေးခန်းဆီ လျှောက်သွားကြသည်။ ထိုအချိန်၌ ရှောင်ပိုင် ကျန်းရုန်ရဲ့ပုခုံးကိုလှမ်းပုတ်လိုက်တော့ မထင်မှတ်ထားစွာနဲ့ ကျန်းရုန်ရဲ့စိတ်အခြေအနေက တင်းမာနေတာကို မြင်လိုက်ရ၏။
သူကြောင်အမ်းသွားပြီး ဘာမှမပြောရသေးခင်မှာပဲ ကျန်းရုန်ကလှည့်ပြီး မေးလာသည်။ "ဘာဖြစ်လို့လဲ?"
ရှောင်ပိုင်အသံတိုးလိုက်ပြီး "ငါ့ကိုနံပါတ်တွေပြောကြည့်"
VOCÊ ESTÁ LENDO
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~