အပိုင်း(၄)

5.5K 771 45
                                    

(Unicode)

".....Roadကရက်​ရောတာပဲ"

လက်​ကောက်ဝတ်အား လှည့်လိုက်ကာ လု​ပေါ်ယွမ် ထိုLivestreamထဲမှ ထွက်ရန်ပြင်လိုက်ချိန် သူ့ဖုန်းက အသံမြည်လာခဲ့သည်။

တင်း​ကောက ချက်ချင်း​မေးလာသည်။
"Softရဲ့Livestreamကို မင်းကဘာသွားလုပ်တာလဲ?!"

လု​ပေါ်ယွမ်က မျက်​မှောင်ကျုံ့သွားပြီး Streaming interface၏ အ​ပေါ်ဘက်​ထောင့်စွန်းကို လှမ်းကြည့်လိုက်သည်။

မြင်လိုက်ရသည်က​တော့ အသုံးပြုသူ၏ loginဧရိယာတစ်ဝိုက်တွင် ထင်းထင်းလင်းလင်းကြီး ​တောက်ပနေသည့် TTC°Road ဟူ​သောစာလုံးများပင်။

လု​ပေါ်ယွမ်က ခဏ​လောက်တိတ်ဆိတ်သွား​သော်လည်း ရိုးရိုးရှင်းရှင်းသာ ရှင်းပြလာသည်။

"အ​ကောင့်​ပြောင်းဖို့​မေ့သွားလို့"

"ပုံမှန်ဆို အဓိကအ​ကောင့်ဆီမဝင်ဖို့ ငါ​ပြောထားတယ်​လေ။ ဒီရက်ထဲလည်း မင်းမှာ Livestreamလွှင့်စရာဖြင့်မရှိပဲ....​နေပါဦး အခုချိန်မှာ အဲ့တာကအ​ရေးကြီးလို့လား!!"

တင်း​ကောကဆက်​ပြောသည်။

"အခု မားကတ်တင်းအ​ကောင့်တွေက Weiboမှာပိုစ့်​တွေတင်ပြီး ပတ်​မွှေ​နေပြီ!"

လု​ပေါ်ယွမ်​ကပြောသည်။
"ဘာ​မွှေစရာရှိလို့လဲ? ကျွန်​တော်က Livestream သွားကြည့်ရုံပဲ​လေ"

"ဒါပဲ​ပေါ့? အရင်တုန်းက ဘယ်သူ့ရဲ့Livestreamကိုများ မင်းကကြည့်ဖူးလို့လဲ? မင်းအသင်းသား​တွေရဲ့ livestream roomတွေကို​တောင် မဝင်ဖူးပဲနဲ့​"

တင်း​ကောက ခဏရပ်သွားပြီး ရှိစုမဲ့စုအားအင်​တွေကို စုစည်းလိုက်ပြီးမှ ဆက်​ပြောလာသည်။

"ပြီး​တော့....Softကလည်း မ​နေ့ညကဆီမီးဖိုင်နယ်ပွဲကို ရှင်းလင်းတင်ဆက်ဖို့ Livestreamလွှင့်ခဲ့တယ်ကွာ"

မ​နေ့ညက သူ့အသင်းသား​တွေ၏ အိပ်​ပျော်လျက်လမ်း​လျှောက်​နေသလို ဂိမ်းကစားပုံ​တွေအား ပြန်သတိရလိုက်​ပြီးနောက် တင်း​ကော၏ဆိုလိုရင်းကို လု​ပေါ်ယွမ် သ​ဘော​ပေါက်သွား​တော့သည်။ Softဘက်က ​ရှင်းလင်းတင်ဆက်သည်ဆိုကတည်းက စကား​ကောင်း​တွေ​ ပြောမည့်ပုံ​တော့မ​ပေါ်​ချေ။

||Complete|| I Can Do It [MM Translation]Where stories live. Discover now