အပိုင်း(၁၂၀)

3.1K 453 46
                                    

အပိုင်း(၁၂၀)

ကိုယ့်အလုပ်ကိုယ်လုပ်ကြ ပုံ/မင်းတို့အ​ဖေSoft

ဒီ​နေ့တွင် ​လေ့ကျင့်​ရေးပွဲ​တွေ ရှိသည့်အတွက် လု​ပေါ်ယွမ်က သုံးနာရီမပြည့်ခင် Livestreamကို ရပ်တန့်လိုက်သည်။

သို့​ပေသိ Livestream ဗီဒီယိုကို ​ဒေါင်းလုတ်ဆွဲကာ​ကျန်းရုန်နှင့်သူ့ကြားမှ စကားဝိုင်းအပါအဝင် သူ့'ချစ်သူ'နှင့် သက်ဆိုင်သည့်​မေးခွန်း​တွေအား သူပြန်​ဖြေထားပုံကို အပိုင်းတို​လေးအဖြစ် တည်းဖြတ်​နေကြသည့် လူအုပ်ကြီးကို​တော့ မရပ်တန့်နိုင်​ပေ။ ပြီး​နောက် သူတို့​တွေက အင်တာနက်​ပေါ်တွင် တင်လိုက်ပြီး သူတို့၏ ညီအစ်ကို ညီအစ်မ​တွေနှင့် မျှ​ဝေကြ​တော့သည်။ ဒီအ​ကြောင်းအရာက Hot Search​ပေါ် ​ရောက်သွားဖို့ အချိန်သိပ်မကြာလိုက်။

တင်း​​ကောသည်လည်း ဒီကိစ္စကို ကိုင်တွယ်မ​နေ​တော့​ချေ။ ဒီအ​ခြေအ​နေမှာ သူတို့အတွက် ဘူးခံငြင်းဖို့​​ရော HSကိုဖိနှိပ်ထားဖို့​ရောက ​ကြောင်သူ​တော်ဆန်လွန်း​နေသည်။ တကယ်တမ်း သူတို့က Esportsအသင်းသာ ဖြစ်ရာ တစ်ချိန်တည်းမှာ ကိုင်တွယ်​ဖြေရှင်းစရာ​တွေက များလှသည်။

​နေ့လည်ခင်း၌ သူတို့အတွက် ​လေ့ကျင့်​ရေးပွဲသုံးပွဲ ရှိသည်။ သူတို့​တွေ ကစားပြီးသည့်အခါ အပြင်ဘက်တွင် ​​မှောင်​နေပြီဖြစ်ပြီး လမ်းမီးတိုင်​တွေက စတင်လင်းလက်ခါစ။

ဒီ​နေ့ညအတွက် ဒကာခံသူက လု​ပေါ်ယွမ်ပင်။ လာပို့သူ၏ဖုန်းဝင်လာ​တော့ လု​ပေါ်ယွမ်က ခဏ​လောက် ဖုန်း​​ပြောလိုက်ပြီး စားစရာ​တွေယူဖို့ ​အောက်ဆင်းသွားသည်။ တင်း​ကောက တစ်ခုခု​လေးလံတာပါပြီး သူမသယ်နိုင်မှာစိုးသဖြင့် သူ့မှာလည်း လု​ပေါ်ယွမ်နှင့် ​တိုင်ပင်စရာရှိတာ​ကြောင့် ကျန်းရုန်မထ​သေးခင် ​​အောက်ထပ်ကို ဦး​အောင်ဆင်းပြီး ကူညီရန် သွားလိုက်သည်။

​ရှောင်ပိုင်က ထရပ်လိုက်ပြီး အပျင်း​ကြောဆန့်လာသည်။ "မရ​တော့ဘူး မရ​တော့ဘူး။ ဗိုက်ဆာလွန်းလို့ ချိတ်ကို ဘယ်လိုပစ်ရမှန်း​တောင် မသိ​တော့ဘူး"

ကျန်းရုန်က ပြိုင်ပွဲအကျဥ်းကို ပိတ်လိုက်ပြီး "ဒီလို​​ပြောတာနဲ့ ဒီတစ်ပွဲလုံး မင်းချိတ်နှစ်ခါပဲ ပစ်နိုင်တယ်ဆိုတဲ့ အချက်ကို ဆင်ခြင်​ပေးနိုင်ပြီလို့ ထင်လား?"

||Complete|| I Can Do It [MM Translation]حيث تعيش القصص. اكتشف الآن