အပိုင်း(၁၃)

4.8K 758 21
                                    

[အလုပ်အကိုင်ရှာ​ဖွေ​နေပါသည်]

အချိန်ကဥာဥ့်ဦးယံအချိန်ဖြစ်ကာ လမ်း​ဘေးနားရှိဘာဘီကျူးဆိုင်ထဲတွင်ဖြစ်သည်။

ယောကျာ်းကြီးအုပ်စုကအရက်​ထိုင်သောက်​နေပြီး သူတို့အကျ်ီ​တွေကိုလက်​မောင်းထိလိပ်တင်ထားကာ အသံ​လေး​လေးကြီး​တွေနှင့်စကား​​ပြောဆို​နေကြ၏။အရက်ပုလင်းခွံတွေက ကြမ်း​ပြင်​ပေါ်မှာပြန့်ကျဲ​နေပြီး သူတို့ကအရက်ရှိန်​ကြောင့်ရန်လို​နေကြသည်။

အရက်​​​သောက်ထားသည့်အတွက် ခန္တာကိုယ်တစ်ခုလုံးကနီရဲ​နေကြကာ သူတို့အုပ်စုကိုမြင်လိုက်သည်နှင့် လူတိုင်းက​ဝေး​ဝေးက​ရှောင်သွားကြ၏။ဆယ်​ကျော်သက်​လေးတစ်​ယောက်ကသာ သူတို့အနီးက,ဝိုင်းမှာထိုင်​နေသည်။

ထိုလူငယ်​လေး​ရှေ့မှာက အကင်တုတ်တိုး​ချောင်း​တွေရှိ​နေပြီး ​သူကခြေချိတ်ထိုင်​နေကာ ​ပေါင်​ပေါ်တွင်ဦးထုပ်တစ်ခုတင်ထားပြီး သူ့ဆံပင်​တွေက​ပင်လယ်​ရေလိုပြာ​နေကာ လူတိုင်းရဲ့အာရုံကိုဆွဲ​ဆောင်နေ၏။လတ်တ​လောမှာ​တော့ သူကအကင်စားရင်းဖုန်း​​ပြော​နေသည်။

"အရင်ကတည်းကငါမင်းကိုPlatformကပြန်ပြင်ဆင်​နေတယ်လို့​ပြောခဲ့တယ်မလား ဒါ​ပေမယ့် ဒီလိုကြီးဖြစ်​နေမယ်လို့​တော့မသိလိုက်ဘူး" ရှစ်လျှို့ကခဏ​လောက်ရပ်သွားပြီးမှ ​ချောင်းအသာဟမ့်လိုက်ကာ "ငါတကယ်ကြီးမင်း၁၇နှစ်ပဲရှိ​သေးတယ်ဆိုတာကို​မေ့​နေတာ"

ကျန်းရုန်အကင်ကိုမြိုချလိုက်ပြီး အမှန်ပြင်​ပေးလိုက်သည်။ "၁၇နှစ်နဲ့တစ်ဝက်ပါ"

သူကမ​မျှော်လင့်ထားပဲအလုပ်လက်မဲ့ဖြစ်သွားခြင်းဖြစ်၏။သူ့အစာအိမ်ထဲကို အကင်အ​ချောင်း၂၀​လောက်​ရောက်သွားပြီးတာ​တောင်မှ တကယ်ကြီးမယုံနိုင်​သေး​ပေ။

"ဒါ​​ပေမယ့် ဒါကသိပ်​မဆိုးပါဘူး မင်းအသက်ပြည့်တဲ့ထိလနည်းနည်းလောက်​စောင့်ပြီး​တော့မှ ပြန်လာstream​​ပေါ့ မင်းပရိတ်သတ်​တွေကသစ္စာရှိတာပဲ အများကြီး​တော့မဆုံးရှုံး​လောက်ပါဘူး" ရှစ်လျှို့ကဆက်​ပြောလာ၏။ "အနည်းဆုံး​တော့ မင်းနားလို့ရသွားတာ​ပေါ့ ခရီး​တွေထွက်ပစ်လိုက်​လေ ငါနဲ့အတူDisneyမှာအ​ပျော်​လေး​တွေသွားရှာချင်လား?"

||Complete|| I Can Do It [MM Translation]Where stories live. Discover now