အပိုင်း(၁၁၇)

2.7K 409 49
                                    


ဒီ​နေ့က အန်တီကြီး၏နားရက် ဖြစ်သည်။ တင်း​ကောတစ်​ယောက် ဟိုချန်ပီယံအုပ်စု အရက်နာကျပြီး ​ခေါင်း​တွေကိုက် စားစရာမရှိမှာ စိုးရိမ်သဖြင့် တဗျစ်​တောက်​တောက်​ပြောရင်း သူတို့အကြိုက်ဆုံးစား​သောက်ဆိုင်မှ စားစရာ​တွေကို ​အော်ဒါမှာပြီး သူတို့အတွက် Baseဆီ သယ်လာလိုက်သည်။

Baseထဲ ​ခြေချလိုက်သည်နှင့် ​ဆေးလိပ်နံ့က သူ့နှာ​ခေါင်းထဲ တန်းဝင်လာသည်။ အနံ့​နောက်ကို လိုက်သွားလိုက်​တော့ ဝရံတာဆီ​ရောက်လာပြီး လု​ပေါ်ယွမ်၏ခန္ဓါကိုယ်တစ်ဝက်ကို လှမ်းမြင်လိုက်ရသည်။

တင်း​ကောမှာ စားစရာ​တွေကိုပင် လက်ထဲကမချအား​သေး။ ​လေ့ကျင့်မှုအရ ​ငွေ​ချေသည့် QRကုဒ်ကို ဖွင့်လိုက်ပြီး ခပ်မြန်မြန် ​​လျှောက်သွားလိုက်သည်။

“ချန်ပီယံရှစ်ရပြီးပြီဆို​တော့ မင်းကလုပ်​ရဲ​နေပြီ​ပေါ့ ဟမ်? ​ဆေးလိပ်​သောက်တာ​ကို​ ဖုံးထားဖို့​ တံခါး​တောင်မပိတ်​တော့ဘူး​ပေါ့။ ငါ့ကို နည်းနည်း​တောင် မ​လေးစားတာ မဟုတ်ဘူးလား....”

လု​ပေါ်ယွမ်နှင့် ပိုနီးလာပြီး လု​ပေါ်ယွမ်​ဘေးရှိ အမျိုးသမီးကို မြင်လိုက်​တော့မှ ​တင်း​ကော ပြော​တော့မည့်စကား​တွေကို ပြန်မြိုချလိုက်ရသည်။

မာမားလုက သိမ်​မွေ့ပြီး ခွဲခြားသိမြင်တတ်သည်ဟု တင်း​​ကော အမြဲ​တွေးမိ​ပေမယ့် လက်ရှိမှာ​တော့ သူမက ​ဆေးလိပ်ကို နှုတ်ခမ်းကြားခဲလျက် နံရံကိုမှီရပ်​နေသည်။ သူမ၏ မျက်ဝန်းလှလှ​တွေက ကျဥ်း​မြောင်းလျက် အ​ဝေးကို စိုက်ကြည့်​နေပြီး အနည်းငယ် ကြာသွား​တော့မှ သူမက ဖြည်းဖြည်းချင်း ​ခေါင်းကိုလှည့်လာသည်။ “ဒီမှာ​ဆေးလိပ်​သောက်ခွင့်မရှိဘူးလား? အားနာပါတယ် သူကလည်းမ​ပြောလို့”

​လေးနက်​နေသည့် အ​ခြေအ​နေကို ခံစားမိ​တော့ တင်း​ကော ခဏ​လောက် တိတ်ဆိတ်သွားသည်။ ပြီး​နောက် သူ့ဖုန်းကို အိတ်ထဲပြန်ထည့်လိုက်ပြီး တံခါးလက်ကိုင်အား ကိုင်လိုက်သည်။ “​သေချာ​ပေါက် ရပါတယ်။ ကြိုက်သ​လောက်သာ ​သောက်ပါ။ လိုချင်ရင် ကျွန်​တော့်ဆီမှာ ထပ်ရှိ​သေးတယ်။ နှစ်​ယောက် ​​အေး​အေး​ဆေး​ဆေး စကား​ပြောလို့ရ​အောင် တံခါးပိတ်​ပေးခဲ့မယ်”

||Complete|| I Can Do It [MM Translation]Where stories live. Discover now