အပိုင်း(၆၇)

4.3K 674 28
                                    


(Unicode)

ကျွန်​​တော့်မှာကြိုက်တဲ့မိန်းက​လေးရယ်လို့မှမရှိတာ

​ဆေးလိပ်​သောက်သည့်သူ​တွေကို သတင်းပို့ပါက ဆုချခံရမည်ဟု တင်း​ကော​ကြေငြာပြီး​သည့်နောက် ဘယ်သူကမှဘာမှသတင်းမပို့ကြသည်ကိုထားဦး အချို့လူ​တွေဆို ​တော်​တော်ဆိုးဆိုး အချင်းချင်းဖုံး​ပေးကြသည့်အပြင် တစ်​ယောက်အပြစ်ကို ကိုယ်စားခံ​​ပေးသည်က တင်း​ကော လုံးဝ​မျှော်လင့်မထားသည့် ​သောက်ကျိုးနည်းအရာ​တွေပင် ဖြစ်သည်။

သူ့ပိုက်ဆံအိတ်ထဲကို ​ငွေဝင်လာသံက ​လေထဲမှတစ်ဆင့် ဖြတ်သန်းလာသည်။

လု​ပေါ်ယွမ်က သူ့ရဲ့ငါးနှစ်တာသက်တမ်းမှာ LPLဆီကပြစ်ဒဏ်မခံရဖူး​သော်လည်း တင်း​ကောဆီမှာ​တော့ ​ပိုက်ဆံအ​တော်​လေးကုန်ခဲ့ရသည်။ လွန်ခဲ့သည့်နှစ်​တွေအတွင်း သူ၊ ယွမ်ချန်းနဲ့ Pine သုံး​ယောက်သားက TTCရဲ့ညလယ်စာမုန့်​တွေအတွက် ဒိုင်ခံပိုက်ဆံရှင်းရသူများ ဖြစ်ခဲ့​လေသည်။

"ပိုက်ဆံလွှဲ​ပေးလိုက်ပြီ"

လု​ပေါ်ယွမ်က ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်သည်။

အဲဒီ​တော့မှ တင်း​ကောအမှတ်ရလိုက်၏။ အကယ်၍ သူသာ ဒဏ်​ငွေ​​ဆောင်သည့်​နေရာ အကျွမ်းကျင်ဆုံးသူ တစ်​ယောက်တည်းကိုသာ ​ရွေးရမည်ဆိုပါက အဲဒီတစ်​ယောက်က လု​ပေါ်ယွမ်သာဖြစ်မည်ပင်။

တကယ်​တော့ အရင်တုန်းက တင်း​ကောတားမြစ်ထားသည့်အထဲ ​ဆေးလိပ်​သောက်တာမပါ​ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ကစားသမားဆယ်​ယောက်မှာ ကိုး​ယောက်က ​ဆေးလိပ်​သောက်သည်​လေ။ ပ​ရော်ဖက်ရှင်နယ်ဂိမ်းနယ်ပယ်မှာ ဖိအားကကြီးလွန်းပြီး အသစ်ဝင်လာသူ​တွေခမျာ ဆက်တိုက်ဆိုသလို ဖိနှိပ်ခံရကာ ပရိသတ်ထုကြီးရဲ့​မျှော်လင့်ချက်​တွေကလည်း ပြင်းထန်လွန်းလှသည်။ က​စားသမားတစ်​ယောက်က သာမန်ပြိုင်ပွဲတစ်ပွဲရှုံးလျှင်ပင် hot search​ပေါ်​ရောက်သည်အထိ အဆဲခံရတတ်သည်​ကြောင့် နီကိုတင်းအရသာက သူတို့ကို ခဏတာ​တော့ စိတ်ညစ်​ပြေ​စေ​သည်ပင်။

သို့​သော် ပြီးခဲ့သည့်နှစ်အစပိုင်းတွင် ပ​ရော်ဖက်ရှင်နယ်ကစားသမားတစ်​ယောက်မှာ ​အဆုတ်ကင်ဆာ​နောက်ဆုံးအဆင့်ဖြစ်​နေပြီး​ အနားယူသွားရ​လေသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now