​အပိုင်း(၆၆)

4.4K 695 77
                                    

(Unicode)

ကျွန်​တော်ကဒဏ်​ငွေ​ဆောင်ရတာကြိုက်ရုံပဲ

တကယ်​တော့ ထိုနေ့ညက ကျန်းရုန် ရှာ​ကြည့်သည့်အထဲ ထွေ​ထွေထူးထူးရှာ​တွေ့ခဲ့သည်မျိုး မရှိ​ပေ။

လု​ပေါ်ယွမ်က လျင်မြန်စွာ နာမည်တစ်ခုတည်​ဆောက်နိုင်ခဲ့သည်။ သူအသင်းထဲဝင်လာသည့် ပထမနှစ်မှာပင် LSPL၏ချန်ပီယံဖြစ်လာခဲ့ပြီး ဒုတိယနှစ်မှာ​တော့ ကမ္ဘာ့ဖလားဆုကို အနိုင်ရခဲ့ကာ ပ​ရော်ဖက်ရှင်နယ်အဖွဲ့အစည်းတစ်ခုလုံး၏ အထင်ကရအဖြစ်ဆုံးသူ ဖြစ်လာခဲ့သည်။ ထိုအချိန်၌ ​​လေ့ကျင့်​ရေးစနစ်က အခုချိန်ကဲ့သို့ မဖွံ့ဖြိုး​​သေး​ပေ။ လု​ပေါ်ယွမ်ကိုရှာ​တွေ့ခဲ့သူက TTC၏သူ​ဌေးဖြစ်ပြီး ကိုရီးယားဆာဗာ၌ တစ်ကိုယ်​တော်ဘုရင်ကြီးဖြစ်​နေခဲ့သည့် လု​ပေါ်ယွမ်ကို အသင်းထဲဝင်လာရန် စည်းရုံးခဲ့​လေသည်။

​ရှောင်ပိုင်နှင့်ယွမ်ချန်းနှစ်​ယောက်လုံးတွင် သင်တန်းသားဘဝ သို့မဟုတ် ပြိုင်ပွဲ​တွေပြိုင်ခဲ့စဥ်က ဓါတ်ပုံ​တွေသာမက ဗီဒီယို​တွေပင်ရှိ​သော်ငြား လု​ပေါ်ယွမ်မှာ​တော့ တစ်ခုမှမရှိ​ပေ။

သို့​သော် သူရှာ​တွေ့ခဲ့သမျှက အလုံးစုံအချည်းနှီး​ဖြစ်သွားသည်တော့ မဟုတ်​ချေ။

တစ်ခု​သောTieba၌ လွန်ခဲ့သည့်နှစ်​တွေမှ ပိုစ့်တစ်ခုကို သူရှာ​တွေ့ခဲ့သည်။ ကျန်းရုန်မှာ မူရင်းပိုစ့်တင်သူ၏ တင်ထားသည့်စာကို အကြိမ်အကြိမ်အခါခါ ဖတ်ကြည့်ပြီး နောက်ဆုံးမှ နားလည်သွား​တော့သည်။

[@အင်တာနက်က​ဖေးတစ်ခုမှာ Roadကို​တွေ့လာတယ်။ ဟိုကိုရီးယားဆာဗာက အရမ်းအရမ်းStrongတဲ့​တျောက်လေ။ လူကလည်းရမ်း​ချောတာပဲ \(^O^)/ သူ့​နောက်​ကျောပုံကို တိတ်တိတ်​လေးရိုက်လာခဲ့တယ်!]

ပြီးခဲ့သည့်နှစ်ကမှ ဒီပိုစ့်အား မူရင်းပိုစ့်တင်ခဲ့သူက ပြန်ရှာ​တွေ့ခဲ့ပုံ​ပေါ်သည်။

[မင်း​မေ ငါခုမှသတိထားမိတယ်။ ဒီRoadက အခုလက်ရှိRoadမဟုတ်လား??!]

ဓါတ်ပုံ၏အရည်အ​သွေးက အလွန်ကိုဆိုးဝါးကာ စစကြည့်မိချိန်တွင် မှုန်ဝါးဝါးဓါတ်ပုံတစ်ပုံဟုသာ ထင်ရသည်။ ဓါတ်ပုံထဲ၌ အမှန်တကယ်ကို သူ့​​နောက်ကျောဘက်သာပါပြီး ​နောက်ခံမြင်ကွင်းက​​တော့ တရားမဝင်အင်တာနက်ဆိုင်တစ်ဆိုင် ဖြစ်ပုံ​ပေါ်သည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now