အပိုင်း(၁၃၂)

2.6K 435 44
                                    


ကျန်းရုန် ထိုမက်​ဆေ့ကိုပို့ပြီး​နောက် Barrageထဲတွင် လူတစ်ဝက်​လောက် ​ပျောက်သွားကြသည်။
 
လူတိုင်း၏ပထမဆုံးအသိက Screenshotသွားရိုက်ခြင်း။
 
ပြီးသည်နှင့် မှင်သက်​လောက်စရာ အာ​မေဋိတ်စကားလုံး​တွေက ​သောင်း​​သောင်းဖြဖြ ထိုးတက်လာ​တော့၏။
 
[​သေစမ်း!!!]
 
[ဖြုတ်ချက်!!!]
 
[​ခံစားချက်က ​သောက်ရမ်းမိုက်တယ် တိမ်​တွေ​ပေါ်​ရောက်​နေပြီT-T]
 
[ဖြုတ်ချက် ငါ့သားရာ! လုံးဝစိတ်မပျက်​စေရဘူး အ​ဖေ​တော့ ကြက်သီးတစ်ဖြန်းဖြန်းထ​နေပြီ]
 
[အခု​လောက်ဆို Rishဆိုတဲ့​ကောင် အချိန်ခရီးသွားပြီး LPLရဲ့နံပါတ်တစ်အဆဲသမားကို သွားစိန်​ခေါ်မိတဲ့ သူ့ကိုယ်သူ သမချင်​နေ​လောက်ပြီ]
 
[ငါ့​ကောင်တို့ ငါ့သားရဲ့Livestreamကို ကြည့်လာတာ နှစ်နဲ့ချီ​နေပြီ သူအင်္ဂလိပ်လို​ရေးတာကို ဒါပထမဆုံးမြင်ဖူးတာပဲ]
 
[Solo killက ​သောက်ရမ်းဖိုင်းချက်! Masterမ​ပြောနဲ့ သူ့ကို​မွေးထုတ်ထားတဲ့ငါ​တောင် အဲဒီE​ရှောင်တဲ့အကွက်ကိုမြင်ပြီး သတိလွတ်သွားတယ်]
 
[Masterရဲ့မျက်နှာ​ပေးက လက်ဖျားပါခါတယ်။ ဒါရိုက်တာကလည်း တကယ့်မီး​စာ ဒီလိုအချိန်ကျမှ Masterကို အနီးကပ်ကိုဆွဲရိုက်ကူးပြ​နေတာ ဟဟဟဟ!!]
 
Barrage၏​အောက်ဘက် စခရင်၏ ​အောက်​ခြေနားတွင် အသင်းနှစ်သင်းလုံး၏ Mid Laner​တွေကို ရိုက်ကူးပြ​နေခြင်းပင်။
 
Masterက မည်း​မှောင်​နေသည့် မျက်နှာ​ပေးနှင့်။ သူSolo Killခံလိုက်ရသည့်အခိုက် ​မောက်စ်ကိုပင် စားပွဲ​ပေါ် ​ဆောင့်ချလိုက်ရာ HT၏Voice Chatမှာ ပါးစပ်ပိတ်ခံထားရသလို တိတ်ဆိတ်သွား​တော့သည်။ ​အောက်လမ်းသွား လူသစ်နှစ်​​ယောက်မှာ အသက်ပင်ရဲရဲမရှုရဲကြ​တော့။
 
စက္ကန့်အနည်းငယ်ကြာပြီး​နောက် သူတို့အသင်း၏Topက ဆဲ​ရေးလာသည်။
 
LCKရဲ့အသင်း​တွေထဲ ဘယ်အသင်းကများ သူတို့ကို ဒီလို​လှောင်​ပြောင်​စော်ကားရဲလို့လဲ?!
 
သို့​သော် သူတို့ဘက်က လက်တုံ့ပြန်နိုင်မယ့် အ​နေအထားမှာ ရှိမ​နေ။ သူတို့Midက အခု​လေးတင် Solo Killခံထားရသည့် အချက်ကို ဖယ်ထားလျှင်ပင် ဂိမ်းအ​ခြေအ​နေက Mid Laner နဲ့ Jungler တို့ အမှား​ကြောင့် ​ပြောင်းလဲသွား​လေပြီ။ လက်ရှိတွင် သူတို့ဘက်က အ​ရေးနိမ့်​​နေ​ပေသည်။
 
ဒီ​နေ့ပြိုင်ပွဲ၌ အရှုံးသမားက ​ရွေးချယ်စရာမရှိ ပါးစပ်ပိတ်​နေရမည်သာ။
 
တစ်ဖက်မှာ​တော့ ​ခေါင်းပြာ​လေးက Solo Killရပြီး​နောက် နိုင်ငံတကာပွဲစဥ်အလယ်တွင် တစ်ဖက်အသင်းကို သ​ရော်ထား​သည်ဆို​ပေမယ့် သူက မျက်နှာ​သေနှင့်ပင်။ သူ့​ရှေ့မှMinion​တွေကို ရှင်းပြီးသည့်​နောက် သူက စခန်းဆီပြန်သွားသည်။
 
TTC၏Voice Chatထဲမှာ​တော့ “မိုက်ချက်” ဆိုသည့် ​အော်ဟစ်သံ​တွေနှင့် ပြည့်နှက်​နေလျက် Barrageနှင့်ပင် ယှဥ်လို့ရ​လောက်သည်။ အစဥ်အလာအတိုင်း ရှောင်ပိုင့်အသံက အကျယ်ဆုံးဆို​ပေမယ့် Pineကပါ ​အော်​နေသည့်အထဲ ပါဝင်လာသည်။
 
လု​ပေါ်ယွမ်က Chatကို ငဲ့ကြည့်လိုက်ကာ သူ့နှုတ်ခမ်းစွန်း​တွေက ​ကွေးတက်သွားသည်။ “Solo Killအတွက် ဆု​ပေး​တဲ့အ​နေနဲ့ လာမယ့် Raptor campကို မင်းယူလိုက်”
 
အစတုန်းက ​ရေခဲရိုက်မျက်နှာကို ထိန်းသိမ်းထားသည့် ကျန်းရုန်က ထိုစကားကိုလည်းကြား​ရော သူ့နှုတ်ခမ်းစွန်းတို့လည်း ​ကော့တက်သွား​တော့၏။ “အွန်း”
 
ယွမ်ချန် : “​ခေါင်း​ဆောင် ​ပေးရတဲ့​နောက်ကရည်ရွယ်ချက်ကို ငါနားလည်​ပေမယ့် ငါ့လမ်းထဲက Minion​တွေကိုကျ အများကြီးစားသွားပြီး မင်းရဲ့​တော​ကောင်​တွေကိုကျ​ မင်း​ကောင်​လေး…..အသင်း​ဖော်ကို ​ပေး​တော့ ဒါကြီးက မသင့်​တော်လွန်းဘူးလားလို့?”
 
“ဘယ်လိုမသင့်​တော်တာလဲ?” လု​ပေါ်ယွမ်က မျက်ခုံးပင့်လိုက်လျက် “အ​ပေါ်လမ်းက အဲဒီMinion​တွေကို ကျွန်​တော့်အစွမ်းအစနဲ့ ကျွန်​တော့်ဘာသာ စားတာ​လေ။ ဒီပွဲအစတုန်းက ကျွန်​တော် Flashလည်းလိမ်ယူ​ပေးတယ် ပြန်Countergank​ပေးတယ် အဲဒီMinion​တွေအတွက် ပြန်​ပေးဆပ်တာက မလုံ​လောက်​သေးဘူးလား? ချန်​ကော သိပ်​လောဘမကြီးနဲ့​လေ”
 
ယွမ်ချန် : “……”
 
​ရှောင်ပိုင် : “မိုက်ချက် မိုက်မှမိုက် အမိုက်စား!!!”
 
မိမိုက်ချင်​ယောင်​ဆောင်ကာ ကျန်းရုန်က နှာမှုတ်လိုက်ပြီး “Solo Kill​လေးတစ်ခုပါပဲ….”
 
“မင်းအင်္ဂလိပ်လိုတကယ်သိတာပဲ!!!”
 
“……”
 
“ဘယ်တုန်းကကျက်လိုက်တာလဲ? မင်းအတွက်အရမ်းခက်မှာပဲ! လက်မှာ​ရော ​ဘောပင်နဲ့ ချ​ရေးထား​ရသေးလား?!”
 
“​သောက်​ရေးမပါတာ​တွေ ထပ်​ပြော​နေပြန်ပြီလား?”
 
​ရှောင်ပိုင်က ကျိတ်ရယ်လိုက်ပြီး “မှားသွားပါတယ်ဗျာ Solo Killကမှ အမိုက်ဆုံး!”
 
ထိုDouble Killအကွက်​ကြောင့် အဖွင့်လှသွားလျက် ကျန်းရုန်က အကြမ်းပတမ်း လမ်းရှင်း​နေ​လေ​တော့ သူ့ပုံစံက နဖူးမှာ ‘ထိန်းမရ​တော့’ ဟု မ​ရေးထားရုံတမယ်။
 
လမ်းထဲ၌ Oriannaက တိုက်ခိုက်ရန် ခက်ခဲ​ပေ​မယ့် ကာကွယ်ရန် လွယ်ကူသည်။ သူမက Minionအမြန်ရှင်းနိုင်​တော့ လူ​ကြောက်တို့နည်းလမ်းအတိုင်း တာဝါ​အောက်မှသာ​နေ​နေလျှင် သူမကို ‘​ဖောက်ခွဲ’ရန် မလွယ်​တော့​ပေ။
 
ကံမ​ကောင်းစွာဖြင့် ဒီ​တစ်​ခေါက် Masterရင်ဆိုင်​နေရသည့် ပြိုင်ဘက်က ချင့်ချိန်တတ်သည့် အသိတရားရှိမ​နေ။
 
ကျန်းရုန်က Dashသုံးလိုက်ကာ သူ့ဆီလာ​နေသည့် ​မှော်​ဘောလုံးကို ​ရှောင်တိမ်းလိုက်ပြီး Master​ပေါ်သို့ Damageအစုလိုက်အပုံလိုက် ပြုံချလိုက်ပြန်သည်။ Masterမှာ အံကြိတ်လျက် တာဝါရှိရာဆီ ​နောက်ပြန်ဆုတ်လိုက်ရသည်။
 
ဒါ​ပေမယ့် ကျန်းရုန်၏Skill​တွေ Cooldownကျသွားသည့်အချိန် သူက ရန်သူ့တာဝါနားဆီ ချဥ်းကပ်လာပြန်သည်။
 
Master : “သူအလျင်လို​နေပြီ အခွင့်အ​ရေးရှိတယ် မြန်မြန် လာGankလိုက် ဒီတစ်​ခေါက်​သေချာလုပ်…..”
 
သူ​ပြောမပြီး​သေးခင် Gravesက သူ့​နောက်က​နေ ​ပေါ်ထွက်လာသည်။
 
ယခုအခိုက်အတန့်၌ HT၏Junglerမှာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲ​နေ​လေပြီ။ သူ့Jungleက ဗလာကျင်း​နေပြီဖြစ်ပြီး သူ့Jungleတစ်ခုလုံးဆီ ​လျှောက်သွားပြီး​နောက် သူ့မှာ Krugsသာ စားခဲ့ရသည်။
 
TTC၏ Mid Laner နှင့် Junglerက သူတို့ထက် Levelတစ်ခုနှင့်တစ်ဝက်​လောက် ပိုသာ​နေသည့်အပြင် ဂိမ်းက အခုထိ Mid gameပင် မ​ရောက်​သေး​ပေ။

||Complete|| I Can Do It [MM Translation]Where stories live. Discover now