အပိုင်း(၂၅)

4.9K 689 24
                                    


[Unicode]

အဲ့ဒီလက်က ဆုတွေအများကြီးကိုင်ခဲ့ဖူးတဲ့ အဖိုးတန်လက်ကွ

ထွက်​ပြေးမယ့်အစီအစဥ်ကလည်း မဖြစ်နိုင်​တော့ ကျန်းရုန်ခမျာ ကုတင်​ခေါင်းရင်းမှာ တင်ပျဥ်​ခွေထိုင်ရင်း သူ့​ဘေးနားကကုတ်အင်္ကျီကို စိတ်ညစ်ညစ်နဲ့ ထိုင်ကြည့်​နေရုံသာ တတ်နိုင်​တော့သည်။

သူ "ငှားထားသည့်"ကုတ်အင်္ကျီက အခုဆိုလျှင် ဆိုးဆိုးဝါးဝါးကိုတွန့်​ကြေ​နေသည်မို့ မ​နေ့ညက သူဘယ်​လောက်​တောင်လူးလှိမ့်​နေခဲ့မယ်ဆိုတာ စဥ်းစားကြည့်ရန်ပင်မလိုပေ။ သူအင်္ကျီကိုကောက်ကိုင်ပြီး အနံ့ခံကြည့်လိုက်​တော့ အရက်နံ့ပါစွဲ​နေ​လေ၏။

ထို့​ကြောင့် သူကုတ်အင်္ကျီရဲ့ brand ကိုမှတ်ထားလိုက်ကာ အသစ်တစ်ထည်သာ ပြန်ဝယ်ပေးလိုက်ဖို့ စိတ်ကူးလိုက်‌တော့သည်။

သူဂျတ်ကတ်ကို လက်ထဲကချပြီးသည်နှင့် ရှစ်လျှို့ပို့လာတဲ့မက်ဆေ့ခ်ျတွေကို စဖတ်ကြည့်လိုက်၏။

မက်ဆေ့အနည်းငယ်ပင်ဖြစ်သော်ငြား သူ့မှာအသက်ရှုဖို့ပင် အချိန်ခဏယူလိုက်ရ‌လေသည်။

[Shiliu : ဘယ်လိုဖြစ်လို့ မင်းရဲ့ wfတွေ ငါ့ဆီရောက်လာကြတာလဲ?]

[Shiliu : ဘာတွေဖြစ်နေတာလဲ? သူတို့ပြောတာ မင်းမူးနေတယ်ဆို....]

[ "Voice call missed" ]

[Shiliu : သွားပြီ ဖုန်းကစပီကာဖွင့်ထားတာကွ!]

[Shiliu : ဖုန်းကိုင်တာဘယ်သူလဲ ဘယ်ရောက်နေတာလဲကွာ အဆင်ရောပြေရဲ့လား?]

ဒါဇင်ကျော်တဲ့မက်ဆေ့ခ်ျတွေကို ဖတ်ပြီးသွားသည့်နောက်မှာတော့ ကျန်းရုန် သူ့ဆံပင်တွေကိုပါ လက်နဲ့ဆွဲဆုပ်လိုက်မိပြီး ခဏကြာတော့မှ စာပြန်လိုက်နိုင်သည်။

[R-ong : အဆင်ပြေပါတယ်]

၂စက္ကန့်လောက်ကြာတော့ သူမနေနိုင်ပဲ နောက်တစ်ကြောင်းထပ်ပို့လိုက်မိ၏။

[R-ong : မနေ့ကဖုန်းကိုင်တဲ့လူဘာပြောသွားသေးလဲ....]

[Shiliu : သူပြောတာကအရေးမကြီးဘူး တကယ့်ပြဿနာကမင်း]

ကျန်းရုန် ခေါင်းထဲကပါစူးခနဲဖြစ်သွားပြီး အလျင်အမြန်ပဲချရေးလိုက်သည် : ရပြီ မပြောနဲ့တော့.....

||Complete|| I Can Do It [MM Translation]Where stories live. Discover now