အပိုင်း(၂၆)

4.8K 712 81
                                    


[Unicode]

TTCမှတရားဝင်ကြေညာချက်

များသောအားဖြင့် ကျန်းရုန် အခြားသူများအတွက် Supportနေရာမှ ကစားပေးသည်မှာ ရှားလေသည်။

ပထမအချက်က Supportတွေက အလွန်တရာချုပ်ခြယ်ခံရသလို killလည်းမရပေ။ နောက်တစ်ချက်ကတော့ သူကကံမကောင်းတတ်သောကြောင့် ဖြစ်သည်။ သူSoloသွားတိုင်း ထိပ်တိုက်တိုးခဲ့သည့် ADCအားလုံးလိုလိုက သူ့အား အခန်းထဲ၌ဆယ်ပတ်လောက် လမ်းပတ်လျှောက်ရင်း လေကိုပါ လက်သီးနှင့်ထိုးပစ်ချင်လောက်တဲ့အထိ ဒေါသထွက်အောင် လုပ်နိုင်သည်။

နောက်ဆုံးတစ်ခေါက် သူSupportအဖြစ်ကစားခဲ့တုန်းက ရူးကြောင်ကြောင်စုံတွဲနှင့် တွေ့ခဲ့ရသလို ရလဒ်အနေနှင့် mid gameမှစ၍ ထိုADCသူ့ဆီမှ healတစ်ခုမှမရ‌တော့ခြင်းနှင့် အဆုံးသတ်သွား၏။

အဲ့မတိုင်မီတစ်ခေါက်ကဆိုလျှင် ကျန်းရုန်က damage dealer Supportကိုကိုင်ခဲ့သည်ကြောင့် ADCခမျာkillတစ်ခါမှမရလိုက်ပေ။

အဲ့တစ်ခေါက်ရဲ့ ရှေ့တစ်ခေါက်ကဆိုလျှင်လည်း......

အကျဉ်းချုံး ပြောရမည်ဆိုလျှင်တော့ သူ့ Livestream roomရဲ့ wfတွေ ပြောသည်မှာ အားလုံးအမှန်ဖြစ်ကာ သူ့ရဲ့ ADCဖြစ်ခဲ့ဖူးသူတိုင်းက တစ်ယောက်မှဇာတ်သိမ်းမကောင်းခဲ့‌ချေ။

"ကွာစေ့စားရင်းပွဲကြည့်" ဆိုသည့်သဘောထားနှင့် wfတွေကတော့ "Softbar"တွင် ပိုစ့်တွေတင်နေကြ၏။
[အရူးလေးကဘာတွေတွေးနေတာလဲ? အဲ့တာကငါတို့ပိုင်နက်မဟုတ်တော့ မင်းRoadကိုသွားလှိမ့်ရင်လည်း မင်းဖေဖေတွေက ဟိုfanတွေကို ပြိုင်မဆဲပေးနိုင်ဘူး]

ထို့နောက်မှာတော့ သူတို့ရဲ့မျက်လုံးနှစ်လုံးနှင့်ပင် ကျန်းရုန်က ပုပုလုံးလုံးနှင့်ချစ်စရာစုန်းမလေးLuluအား ဆွဲထုတ်လာသည်ကို မြင်လိုက်ရပေသည်။

Luluမှာ skills‌လေးခုရှိသည့်အနက် သုံးခုက အသင်းဖော်တွေကို ကာကွယ်ရန်ဖြစ်ပြီး ကျန်တစ်ခုကတော့ အရှိန်ကိုလျှော့ချရန်အတွက် ဖြစ်သည်။ သူမရဲ့ ဒိုင်ယာလော့တွေဆိုတာကလည်း "transmigulate" , "delightify~" , "zippy!" စသဖြင့် ကလေးသံလေးနှင့် အလွန်ချစ်ဖို့ကောင်းလေသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now