အပိုင်း(၁)

12K 956 181
                                    

[Unicode]

TTC•Road

နိုဝင်ဘာလ ၂ရက်​နေ့၊ ည​​နေ၅နာရီ၌ ရှန်ဟိုင်းတွင် မိုးများတစ်ဖွဲဖွဲရွာ​နေသည်။

ရှန်ဟိုင်းမိုးလုံ​လေလုံအားကစားစင်တာ အပြင်ဘက်​နေရာမှာ​တော့ bannerများနှင့် esportsအသင်း​တွေရဲ့ logoများပါသော LEDဘုတ်များကို ကိုင်​ထား​သည့်လူ​တွေနှင့် ပြည့်ကျပ်​​နေသည်။ လတ်တ​လော၌ လူအုပ်ကြီးက စင်တာထဲသို့ဝင်ရန် တန်းစီ​နေလျက်ရှိပြီး လူတိုင်းရဲ့မျက်နှာ​ပေါ်တွင် စိတ်လှုပ်ရှားမှုများ၊မျှော်လင့်ချက်​များနှင့် ပြည့်လျှံ​နေသည်။ ရွာ​နေ​သောမိုးကား ထိုသူတို့အ​ပေါ် အနည်းငယ်မျှ သက်​ရောက်ပုံမ​ပေါ်​ချေ။

ယ​​​နေ့ ဤ​နေရာ၌ League of Legends အွန်လိုင်းဂိမ်း၏ ဆယ်ကြိမ်​မြောက်ကမ္ဘာ့ချန်ပီယံ​ အကြိုဗိုလ်လုပွဲစဥ်ကို ကျင်းပ​နေခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့်အသင်းနှစ်သင်းကတော့ ​တောင်ကိုရီးယားLCK divisionကHTအသင်းနှင့် တရုတ်LPL divisionကTTCအသင်းတို့ ဖြစ်ကြ​လေသည်။

(T/N: LOLမှာပဲနိုင်ငံအလိုက်Divisionကွဲပါတယ် Chinaအတွက်က​တော့ LPLပါ)

ယနေ့နိုင်သွားသည့်အသင်းက ​နောက်အပတ်တွင်ကျင်းပမည့် ကမ္ဘာ့ချန်ပီယံပွဲတွင် ဝင်​ရောက်ယှဥ်ပြိုင်နိုင်မည်ပင်။

အိမ်ရှင်အသင်းက TTCဖြစ်တာနှင့်အညီ အားသာချက်က​တော့ အနီးပတ်ဝန်းကျင်ကို တစ်ချက်​ဝေ့ကြည့်လိုက်ရုံနှင့်ပင် ပရိတ်သတ်အားလုံးနီးပါး ကိုင်​ဆောင်ထားသည့်ပစ္စည်း​တွေက TTCအသင်းlogo​တွေနှင့်ပြည့်​နေ​ကြောင်း မြင်နိုင်​လေသည်။

ထိုအချိန်၌ ကိုယ်​​ပေါ်တွင် အဖြူ​ရောင်သရဖူတံဆိပ်နှင့် အနက်​ရောင်ဖိတ်ဖိတ်​တောက်​နေ​သော ဘတ်စ်ကားတစ်စီးသည် အားကစားကွင်း၏ညာဘက်ခြမ်းတွင် ထိုးရပ်သွားသည်။ ထိုကားကိုမြင်လိုက်သည်နှင့် လုံခြုံ​ရေး​ဝန်ထမ်းတွေမှာ အလျင်အမြန်ထရပ်လိုက်ကြပြီး ဘတ်စ်ကားတံခါးနားကို သူတို့ထက်ပင်အရင်သွားကာ အ​နှောင့်အယှက်​ပေးချင်သည့် ပရိတ်သတ်​တွေနှင့် မီဒီယာ​တွေရန်က​နေ ကာကွယ်​ပေး​နေရသည်။

||Complete|| I Can Do It [MM Translation]Tempat cerita menjadi hidup. Temukan sekarang