အပိုင်း(၁၀၀)

4K 591 25
                                    

(Unicode)

နောက်ဆုံးမှာတော့ MFGက ဓါတ်လှေကားထဲ ဝင်မလာဖြစ်ပေ။

ကိုယ်စီကိုယ်စီ အတွေးများဖြင့် ဓါတ်လှေကားထဲရှိ လူများမှာ လုံခြုံရေးကင်မရာကို မော့ကြည့်ပြီးနောက် တိတ်တဆိတ်သာ ကားဆီပြန်ခဲ့ရ၏။

ကားတံခါးပိတ်သွားသည်နှင့် အသင်းတစ်ခုလုံးက အနောက်ကို ချာခနဲ လှည့်လာကြသည်။

လတ်တလော ရှောင်ပိုင်၏အခြေအနေက သတင်းထောက်လို အမာခံပရိသတ်များနှင့် မထူးမခြားနား။

“ကော ရည်းစားရသွားပြီလား? ဘယ်ကတည်းကလဲ? ဘယ်သူကြီးလဲ? ကျွန်တော်ရောသိလား? ရုတ်တရက်ကြီး မဖြစ်လွန်းဘူးလားလို့ ကျွန်တော် စိတ်ပိုင်းဆိုင်ရာတောင် မပြင်ဆင်ရသေးဘူးလေ….ကျွန်တော့်မရီးက ဘယ်လိုမျိုးထဲကလဲ? တင်ဆက်သူ? Streamer? အနုပညာရှင်များလား???”

သူခဏရပ်သွားပြီး “ဒါမှမဟုတ် ကောရဲ့မိဘတွေ မိတ်ဆက်ပေးထားတဲ့ ဟိုချမ်းသာတဲ့မိသားစုတွေထဲက အရမ်းအရမ်းချမ်းသာတဲ့ ကောင်မလေးလား?!”

လုပေါ်ယွမ်က ပြတင်းပေါက်ဘောင်ကိုထောက်လျက် မေးထောက်ထားခြင်း။ သူကြားသွားသည့်အခါ ဖုန်းကြည့်နေရာမှ ခေါင်းမော့လာပြီး သူ့ဘေးတွင်ထိုင်နေသူကို လှည့်ကြည့်သည်။

ကျန်သူတွေမှာလည်း အလိုလို သူ့အကြည့်နောက်လိုက်ပြီး လှမ်းကြည့်မိသွားသည်။

သူတို့၏Mid Lanerက သူ့ဦးထုပ်လျှာကိုဖိထားလျက် အပြင်ဘက်ကို ငေးကြည့်နေခြင်း။ အကြည့်တွေကို ခံစားမိသော်လည်း သူက ခေါင်းပင်မော့မလာပေ။

လုပေါ်ယွမ်က သူ့ကို တစ်ချက်လှည့်ကြည့်ပြီး အကြည့်ကိုပြန်ရုတ်သွားကာ ပြောလာသည်။

“ပြောသွားတဲ့အထဲ တစ်ခုမှမဟုတ်ဘူး”

ယွမ်ချန်က တစ်ခုခုကို သတိထားမိသွားပြီး မေးလာသည်။

“ဘယ်သူလဲပြောဖို့ အဆင်မပြေလို့လား?”

ရှောင်ပိုင်က ရုတ်တရက် အတွေးတစ်ခုပေါ်လာပြီး-

“ဟ မဟုတ်မှ ငါတို့အသင်းရဲ့…..”

ကျန်းရုန်နှင့် ရှေ့တန်းတွင်ထိုင်နေသည့် တင်းကောမှာ ဆက်တိုက် ချောင်းတွေဆိုးကုန်တော့၏။

||Complete|| I Can Do It [MM Translation]Where stories live. Discover now