အပိုင်း(၅၀)

5.3K 821 126
                                    


(Unicode)

"ငါချွဲပြီးသွားပြီမဟုတ်ဘူးလား? သူ့အင်္ကျီ​တောင်ဝတ်ထားပြီးသွားပြီ​လေ...."

လေ့ကျင့်ရေးခန်းထဲမှ လုပေါ်ယွမ်ထွက်သွားပြီး မိနစ်ဝက်လောက်ကြာသည်အထိ ကျန်းရုန်မှာ သူ့စကတ်ကိုငုံ့ကြည့်နေဆဲပင်ဖြစ်သည်။

ဒီစကတ်က…..အဲ့လောက်တော့မဆိုးသွားလောက်ဘူးလားလို့?

အစတုန်းကဆိုလျှင် တင်းကောတစ်ယောက် ပြန်လာပြီး ဒီ“သင်္ဘောသားဝတ်စုံ”ကို မပြသေးသရွေ့ ကျန်းရုန်က အတိုက်အခံလုပ်နေဆဲ။ သို့သော်လည်း ဝတ်စုံကိုမြင်ပြီးသွားချိန်မှာတော့ ကျန်းရုန်၏အမြင်တွင် ထိုဝတ်စုံက သာမန်အဖြူရောင်ရှပ်လက်တိုနှင့် ဒူးထိရှည်သောစကတ်သာဖြစ်သည်။  ထိုစကတ်သည် နွေရာသီ၌ သူဝတ်လေ့ရှိသည့် ဘောင်းဘီတိုတွေထက်ပင် ပိုရှည်သေးသည်။

မိတ်ကပ်လိမ်းသည့်နေရာတွင်သာ သူကယားတတ်သည့်အခံရှိတာမို့ အဆင်မပြေဖြစ်ခဲ့သည်ပင်။ Eyelinerဆွဲနေတုန်းကတော့ သူ့မှာ ထထွက်ပြေးစိတ်တွေပေါက်သည့် အချိန်အခိုက်အတန့်တွေ မနည်းမနောရှိခဲ့လေသည်။

စက္ကန့်အနည်းငယ်အကြာတွင် ကျန်းရုန် စကတ်အစွန်းကိုလှန်လိုက်ပြီး အစောပိုင်းက လုပေါ်ယွမ်၏လက်ထိပ်ဖျားတို့နှင့် ထိမိသွားသည့်နေရာကို ကြည့်လိုက်၏။

ထိုနေရာက အတော်ကြာ စပ်ဖျဥ်းဖျဥ်းဖြစ်နေသည်မို့ သူထင်လိုက်သည်က အရေပြားပွန်းသွားသည်ဟုပင်။ သို့သော်လည်း တကယ်တော့ အနီရောင်အရာပင်ကျန်မနေခဲ့ချေ။

Webcamက သူ့အပေါ်ပိုင်းကိုသာ ရိုက်ပြနေသည်ဖြစ်သော်လည်း သူ့ရဲ့လက်လှုပ်ရှားမှုနှင့်တင် သူဘာလုပ်နေသည်ဆိုတာ ပုံဖော်ကြည့်နိုင်ဖို့ လုံလောက်လေသည်။

[ယီး မင်းကနှာဘူးလား? ဘာကိစ္စ စကတ်အောက်ကိုပဲ ငုံ့ကြည့်နေတာလဲလို့!!]

ကျန်းရုန် စကတ်၏အစွန်းကိုပြန်ဖြန့်လိုက်ပြီး သေချာလေးပြန်ထိုင်လိုက်၏။ “ကိုယ့်ဟာကိုယ်ကြည့်တာ ဘယ်လိုလုပ်နှာဘူးဖြစ်မှာလဲ? မင်းတို့ပုံမှန်ဆိုရေမချိုးကြဘူးလား?”

||Complete|| I Can Do It [MM Translation]Where stories live. Discover now