အပိုင်း(၆၉)

3.9K 663 23
                                    

(Unicode)

ကျန်းရုန် ကွန်ပျူတာကိုဖွင့်လိုက်သည့်အချိန်မှာပဲ ယွမ်ချန်းက လေ့ကျင့်ရေးအခန်းတံခါးကို ဆွဲဖွင့်လာသည်။

“ရှောင်ရုန် ငါတို့အားလုံးအခြားအခန်းမှာ လာခဲ့လေ”

ယွမ်ချန်းသည်လည်း မျက်ဝန်းထောင့်ကနေ တစ်စုံတစ်ခုကို မြင်လိုက်ရသည်။ အသင်းထဲရှိ တစ်ဦးတည်းသော အဝေးမှုန်သမားအနေနှင့် မျက်လုံးကိုမှေးပြီးကြည့်ကာ ပြောလိုက်၏။

“ယို့ ဘာလို့ ခေါင်းဆောင်က မင်းရဲ့ Livestreamအဟောင်းကို ပြန်ကြည့်နေတာလဲ?”

ထိုင်ခုံဘီးက ကြမ်းပြင်နှင့်ပွတ်တိုက်သွားတော့ သူစိမ်းဆန်ဆန်ဆူညံသံတစ်ခုက ပေါ်ထွက်လာလေသည်။

ဖွင့်ထားသည့်ပြတင်းတံခါးမှ ဖြတ်တိုက်လာသည့်လေကြောင့် ကျန်းရုန်၏ဆံပင်တို့က ရှုပ်ပွနေကာ အပြစ်ဆိုစရာမရှိ သေသပ်သည့်နဖူးပြင်ကို ဖော်ပြမိသွားသည်။ သူ့မျက်လုံးထဲတွင်လည်း ပျော်ရွှင်နေသည့်အရိပ်အယောင်တို့ မမြင်ရ​ပေ။

ကျန်းရုန်က ယွမ်ချန်းဘေးမှ ဖြတ်လျှောက်သွားကာ လေသံပြတ်ပြတ်နှင့် ပြောလိုက်သည်။

“ကျွန်တော်မဟုတ်ဘူး”

လေ့ကျင့်ရေးပွဲတွင်လည်း ကျန်းရုန်က စကားသိပ်မပြောပေ။

ပုံမှန်လည်း ကျန်းရုန်က စကားများတဲ့သူမဟုတ်သော်ငြား ကျန်းရုန်စိတ်အခြေအနေမကောင်းမှန်း ရှောင်ပိုင်ကတော့သိသည်။ အောက်လမ်း၌ ရှင်းလင်းရေးလုပ်ပြီး၍ အလယ်လမ်းဆီသွားကာ ကူညီတုန်းက ကျန်းရုန်ရဲ့minionအုပ်စုထဲမှတစ်ကောင်ကို အမှတ်တမဲ့စားလိုက်မိတာတောင် သူအဆဲမခံလိုက်ရချေ။

လေ့ကျင့်ရေးပွဲကစားနေစဥ်အတောအတွင်း လူတိုင်းက အတော်လေး စိတ်ပြေလက်ပျောက်ဖြစ်နေကြသည်။

ယွမ်ချန်းက Baseဆီrecallခေါ်ကာ itemတွေကိုဝယ်ပြီးနောက် အေးအေးဆေးဆေးပင် အလယ်လမ်းဆီ ဦးတည်ကာသွားလိုက်သည်။

“ဟုတ်သား ဒါနဲ့ ရိုက်ကူးရေးကရော အဆင်ပြေပြေပြီးသွားရဲ့လား?”

လတ်တလော၌ ကျန်းရုန်က ရန်သူဘက်ကJungleထဲတွင် ရန်သူတွေကို ခိုးသတ်ရန် အသင့်ပြင်နေသည်။ ကျန်နေသမျှအတွေးအလုံးစုံကို အခြားအကြောင်းတစ်ခု စဥ်းစားသည့်အပေါ် ပုံအပ်ထားလိုက်တော့ ယွမ်ချန်းသူ့ကိုပြောနေမှန်း မသိလိုက်သည့်အတွက် ပြန်မဖြေဖြစ်တော့။

||Complete|| I Can Do It [MM Translation]Where stories live. Discover now