အပိုင်း(၅၈)

4.7K 762 114
                                    


(Unicode)

အရူး​လေးက ချန်ပီယံSkinကို မဲနှိုက်​နေတာလား? မဟုတ်ဘူး သူကRoadရဲ့နှလုံးသားကို ကံစမ်း​နေတာ!

လုပေါ်ယွမ်မှာလည်း သီချင်း​ကြောင့် ​ရှော့ခ်ရသွား​လေသည်။

သူ့မှာ နားကြပ်ကိုကိုင်ထားရင်း ခဏ​လောက်တန့်သွားကာ ပြီး​နောက် Barrageကွန်မန့်​တွေအပြည့်နှင့် ကွန်ပျူတာ​ရှေ့ ဝင်ထိုင်လိုက်သည်။

"သူဘယ်​ရောက်သွားတာလဲ" လု​ပေါ်ယွမ်၏အသံမှာ အင်တာဗျူးမှာထက်ပင် ပို၍ခက်ကွဲ​နေ၏။

[အားးးး ​လောင်ကုန်း​ရေ TAT!!!]

[မနက်​၄နာရီကြီး StarTVကိုထဖွင့်မိ​အောင်လုပ်​ပေးလို့ ကောင်းကင်နဲ့​မြေကြီး​ရော ရှိသမျှနတ်ဘုရား​တွေအားလုံး​ရော ​ကျေးဇူးအထူးတင်ပါတယ်!]

[ဆံပင်​တွေရှုပ်​နေတာကလွဲရင် ဒီလိုအချိန်​တောင် နတ်ဘုရားလုက အရမ်း​ချော​နေ​တော့ ငါလည်းအိပ်ရာထဲကထွက်ပြီး မှန်သွားကြည့်လိုက်​တာ၊ အခု​တော့ဒုက္ခ​ရောက်​နေပြီ ရုပ်ဆိုးလိုက်ပုံများ ပြန်တောင်အိပ်မရ​တော့ဘူး]

[မသိဘူး၊ လက်သွား​ဆေးမယ်​တော့​ပြောသွားတာပဲ။ သန့်စင်ခန်းထဲ သရဲဂုတ်ချိုးသွားပြီထင်တယ်]

[နတ်ဘုရားလု​ရေ ​​နေကောင်းသွားပြီလား? Soft​ပြောတာ ရှင့်မှာအဖျားရှိ​နေတယ်တဲ့....မျက်နှာကြည့်ရသ​လောက်​တော့ နည်းနည်းသက်သာလာပြီမလား?]

[​လောင်ကုန်း မျက်လုံး​တွေအစ်​နေတဲ့ပုံက ပို​တောင်​ချောသေးတယ် 555]

( T/N : 555က 'ဝူဝူဝူ'ဆိုပြီး ငိုသံကို​ပြောတာပါ)

လု​ပေါ်ယွမ် မျက်လုံးကို​မှေးလိုက်ပြီး Barrageကို ခဏ​လောက် ဖတ်ကြည့်လိုက်သည်။

အိပ်ချင်​စိတ်​ပျောက်​အောင် ထင်သည်၊ ကျန်းရုန်က ​မော်နီတာကို Brightnessအမြင့်ကြီး တင်ထား​လေသည်။

လု​ပေါ်ယွမ်က လက်ကို​​မြှောက်ကာ သင့်​တော်သည့် Brightnessအ​နေအထားကို ချိန်​ပေးလိုက်ပြီး ကျပန်းကွန်မန့်တစ်ခုကို ပြန်​ဖြေ​ပေးလိုက်သည်။ "အဖျားကကျသွားပြီ၊ စိတ်မပူပါနဲ့"

||Complete|| I Can Do It [MM Translation]Where stories live. Discover now