အပိုင်း(၉၅)

5.3K 746 85
                                    

(Unicode)

အပိုင်း(၉၅) : ပါးစပ်ပိတ်ထားစမ်း အမှိုက်​လေး

နောက်လှည့်ကြည့်နေသော ကျန်းရုန်မှာ ပေါက်ကွဲထွက်သွားသည့် Barrageကို မမြင်လိုက်ရှာပေ။

[ဘယ်သူ့ကို? အဖေ့ပိုက်ဆံကိုယူပြီး ဘယ်သူ့ကိုထောက်ပံ့မှာ? ထပ်ပြောကြည့်လိုက်စမ်း???]

[ကလေးလေးပဲရှိသေးတာကို ဒီအဘွားကြီးက ရည်းစားထားခွင့်မပေးချင်သေးဘူးလို့ အားးးးး]

[အသင်းထဲဝင်ရုံရှိသေး ရည်စားထားတယ်ဆိုတော့ တစ်ချက်လောက်အတီးခံချင်နေတာလား?]

[အားလုံးပဲ စိတ်အေးအေးထားကြပါဦး ၊ ရှောင်ရှာပိက ‘သူသဘောကျတဲ့သူ’လို့ ပြောတာလေ တွဲနေပြီလို့ပြောတာမှမဟုတ်တာ။ တစ်ဖတ်သတ်အချစ်ဆိုတာ ကျိန်းသေတယ်။ သူ့EQနဲ့ဆို ဘာမှဖြစ်မလာနိုင်ဘူး]

[ရပ်လိုက်တော့! ဒီနေ့ ငါတို့အားလုံး စုစည်းနေရတဲ့အကြောင်းရင်းက ငါတို့တွေ ငယ်ငယ်တည်းကဆဲလာတဲ့ ငါတို့ရဲ့ရှောင်ရှာပိSoftလေး သူ့Merchတွေပရိုမိုးရှင်းဆင်းတာကို နားထောင်ဖို့လေ။ ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ ငါ့တောင်းဆုတွေကို သူ့ဆီအပ်နှင်းလိုက်ပါတယ် : Merchတွေစရောင်းတာနဲ့ ရောင်းရတဲ့အရေအတွက်က ငါ့လိဂ်အမှတ်တွေလို ဇီးရိုးဖြစ်နေပါစေ။ ပစ္စည်းတွေ ဆွေးပြီးမှိုနံ့စွဲနေတဲ့အထိ သိမ်းထားရပါစေ!]

[ဖြူဖြူစင်စင် ဖြတ်လျှောက်ကလေးပါ ၊ သူတစ်ဖတ်သတ်ချစ်နေတာ Roadကိုမဟုတ်ဘူးလား?]

[Roadကိုပြောတာဖြစ်မလားဟ Roadလိုလူက သူ့ထောက်ပံ့မှုကိုလိုမှာလား? မနှစ်က ဖွင့်ပွဲအခမ်းအနားမှာ Red cerpetလျှောက်တုန်းက Roadဝတ်ခဲ့တဲ့နာရီတစ်ခုတည်းကတောင် Softရဲ့တစ်ရာသီစာစာချုပ်ကြေးထက် ပိုများသေးတယ်!]

[အာ ရှောင်ရှာပိက အဲ့လောက်စျေးပေါတယ်လား? ငါအဖေအဖြစ်ကနေ နှုတ်ထွက်လိုက်ပါပြီ]

[စိတ်ပူမနေနဲ့ ၊ လာမယ့်ရာသီကျရင် သူစျေးပိုကြီးလာတော့မှာ….ဆိုတော့ သူကြိုက်နေတာ တကယ်ကြီး ဘယ်သူများဖြစ်မလဲ? ငါကြားထားတာတော့ ဟိုးတစ်လောက ချိုးချိုးရယ်သူရယ် ကြော်ငြာအတူရိုက်ကြသေးတယ်ဆို]

||Complete|| I Can Do It [MM Translation]Where stories live. Discover now