အပိုင်း(၄၁)

5.1K 794 100
                                    


[Unicode]

....စကား​ပြောတဲ့ပုံကိုကရွံစရာကြီး လစ်လိုက်​တော့

နောက်တစ်​နေ့၏​နေ့လည်ခင်း၊ ကျန်းရုန်အိပ်ရာနိုးချိန်၌ တင်း​ကောဆီမှ သူ့ဆီခဏလာရန်​ပြောထားသည့် မက်​ဆေ့ချ်တစ်​စောင် ​ဝင်လာ​လေသည်။

သူ​ရောက်သွား​တော့ တင်း​ကောကသူ့မျက်နှာအား ခဏ​လောက်စိုက်ကြည့်​လိုက်ပြီးမှ ပြောလာသည်။ "မင်းညက​စော​​စောမအိပ်ဘူးလား?"

ကျန်းရုန်ရဲ့အသားအရည်က ဖြူဥ​နေတာ​ကြောင့် သူ့ရဲ့မျက်လုံးတစ်ဝိုက်က အမဲ​ရောင်အကွက်ကြီးနှစ်ကွက်က အလွန်အမင်းကို ထင်ရှား​နေသည်။

ကျန်းရုန် မ​နေ့ညက သန်း​ခေါင်​ကျော်သည်အထိ ဖုန်းကိုကိုင်ရင်း အလုပ်များ​နေခဲ့သည့် ကိုယ့်ပုံကိုယ်ပြန်မြင်​ယောင်လာပြီး မျက်လုံး​ကိုပွတ်လိုက်မိသည်။ "အိမ်မက်ဆိုးမက်​နေတာနဲ့ အိပ်မ​ပျော်ဖြစ်သွားတာ။ စိတ်မပူပါနဲ့ ကျွန်​တော့်လေကျင့်​ရေးကိုမထိခိုက်ပါဘူး"

"ကိုယ့်ကိုကိုယ်ငယ်​သေးတယ်ဆိုပြီး ကိုယ့်ခန္ဓါကိုယ်ကို ဖျက်ဆီးမ​နေနဲ့ဦး။ မင်းတို့ကို အိပ်ချိန်အပြည့်​ပေးထားတယ်ဆိုတာ အိပ်​ရေးဝ​စေချင်လို့၊ ဥာဥ့်နက်တဲ့အထိ ​နေ​စေချင်လို့မဟုတ်ဘူး" တင်း​ကောကသူ့အား နည်းနည်းဆူလိုက်ပြီးမှ အဓိကအ​ကြောင်းကို ​ပြောလာသည်။ "နှစ်ကူးပြီးတာနဲ့ မင်း​မွေး​နေ့​​ရောက်​​တော့မှာမလား။ အသက်၁၈နှစ်ဆိုတာလည်း ဘဝနဲ့မှတ်တိုင်တစ်ခုပဲ။ မင်းလုပ်ချင်တာမျိုးရှိလား?"

"မရှိဘူး" ကျန်းရုန်က​ပြောလာသည်။ "ဒါဆိုကျွန်​တော်Livestreamပြန်လွှင့်လို့ရပြီ​​ပေါ့?"

ကျန်းရုန်ဘက်က ဒီလိုအ​ကြောင်းအရာမျိုးကို ​ပြောလာမည်ဟု မထင်ထားသည့်အတွက် တင်း​ကောမှာ အချိန်ခဏ​လောက် မှင်သက်သွားသည်။

သူကအမြဲလို "က​လေး​တွေစိတ်ထဲ​ပျော်ဖို့ပဲသိတယ်"ဆိုတဲ့ ထင်မြင်ချက်မျိုးကို စွဲကိုင်ထားတာ​ကြောင့် ကျန်းရုန်က ​မွေး​နေ့ပွဲ ဒါမှမဟုတ် တစ်ခုခုကို ​တောင်းဆိုလာမည်ဟု ​မျှော်မှန်းထားသည်ပင်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now