အပိုင်း(၁၁၁)

2.7K 399 13
                                    

ထိုစကေးနှစ်ခုအား ထုတ်သုံးပြီးနောက် Luluက အခြေစိုက်စခန်းဆီ ဆက်ပြန်သွားသည်။ ဘေးမှဖြတ်သွားသည့် Nidaleeက ရပ်တန့်သွားပြီး မကြာမီမှာပဲ သူမ၏လက်ကိုမြှောက်လျက် လမ်းကြောင်းဖော်နေသည့် Luluအား မလိုအပ်သည့် Healတစ်ခုကို ပေးလာသည်။ ပြီးသည်နှင့် သူမက သူတို့အသင်း၏Jungleထဲသို့ ဝင်ကာ ပျောက်ကွယ်သွားတော့သည်။

Barrageထဲ၌ အရင်ဦးဆုံး အမေးသင်္ကေတများ ပြည့်နှက်သွားပြီး နောက်ကလိုက်လာသည်များကတော့ :

[အတုံ့အလှည့်ဆိုတာ ဒါမျိုး (ယုံကြည်ချက်ရှိရှိ)]

[ဒါရိုက်တာကလည်း ဆရာကြီးပဲ။ ကျန်တဲ့လေးယောက်က အသဲအသန် တိုက်ခိုက်နေကြတာ မြေပုံအသေးထဲမှာတောင် သူတို့သင်္ကေတတွေထပ်တဲ့အထိ ဖြစ်နေတာကို ငါတို့ကို ဒီမြင်ကွင်းပြဖို့ အလယ်လမ်းဆီ ကင်မရာချိန်းလိုက်တယ်တဲ့]

[နှစ်ယောက်လုံးကလည်း Snowdown Showdown skinကို သုံးထားကြသေးတယ်…..]

[သူတို့IDတွေကိုသာ ဖုံးထားရင် ဟိုEsports Accတွေတင်တတ်တဲ့ ပိုစ့်မျိုးတွေနဲ့တောင် တူသေး။ ပိုစ့်ရဲ့အကြောင်းအရာက : “ဘာလို့Riftမှာလာဒိတ်နေတာလဲ ရုပ်ရှင်ရုံမသွားနိုင်အောင် မွဲနေကြပြီလား?”]

[Softမှာလည်း ကြိုက်နေတဲ့သူရှိတယ် Roadလည်း ချစ်သူရှိနေပြီ။ ပရော်ဖက်ရှင်နယ် ကစားသမားတွေကို နည်းနည်းလောက် လေးစားပေးကြပါလား နှစ်ယောက်ကို မShipလို့မရဘူးလား??]

[Softကြိုက်နေတဲ့သူက Roadမဟုတ်ဘူးလို့ Roadနဲ့တွဲနေတာလည်း Softမဟုတ်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူးလေ]

[ဟယ်???? အပေါ်ထပ်က ညီအစ်မရေ နေပါဦး???? ရုတ်တရက် အလင်းပွင့်သွားသလို ခံစားချက်မျိုး ဘာလို့ရနေပါလိမ့်?!!!!]

[Trash Talkပြောတုန်းကတော့ ညတွင်းချင်း ကိုရီးယားသွားပြီး HTကို ကိစ္စတုံးမယ့်ပုံနဲ့။ စင်ပေါ်လည်းရောက်ပြီးရော ကုသသူLuluကိုင်ပြီး Roadနဲ့ မခွဲနိုင်မခွာနိုင် လာလုပ်နေတယ်]

ရှင်းလင်းတင်ဆက်သူသုံးယောက်မှာလည်း ကြောင်အမ်းကုန်ကြသည်။

ရှင်းလင်းတင်ဆက်သူA : “အာ ဒါက။ ဒါ….ဒါက ကျွန်တော်တို့ ပြောနေတာတွေကို Soft ခံစားမိသွားလို့နေမယ်။ အဲ့တာကြောင့် ကျွန်တော်တို့ကို သူက ပြောပြချင်နေတာ---သူလည်း အသင်းသားတွေကို ကာကွယ်တတ်တဲ့အကြောင်း!”

||Complete|| I Can Do It [MM Translation]حيث تعيش القصص. اكتشف الآن