အပိုင်း(၄၈)

4.8K 800 257
                                    


(Unicode)

အားလုံးကိုအရမ်း​တွေသတိရ​နေတာ စကား​ပြောကြရ​အောင်​လေ (​ပွေ့ဖက်​နေ​​သောအီမိုဂျီ)

သူတို့မီးပွိုင့်မိသွား၍ ကားရပ်သည့်အချိန် လု​ပေါ်ယွမ်က တစ်ချက်လှမ်းကြည့်လာသည်။

"ဘာလို့ပြန်မ​ကောက်တာလဲ"

"အဲ့မှာ​ခပ်ကြာကြာ​နေပါ​စေဦး"

ကျန်းရုန် သူ့လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲထည့်လိုက်ပြီး သူ့မျက်နှာထားက အလွန်အမင်းကို ​အေးစက်​နေ​လေသည်။

ဘာကြီး Crossdress ဟုတ်လား? ဒီတိုင်း ဝတ်လစ်စလစ်သာ ကခိုင်းလိုက်ပါ​တော့လား?

ပြီး​တော့ ​ယောကျာ်းကြီးတစ်​ယောက်က မိန်းက​လေးအဝတ်အစားဝတ်တာ ဘယ်​နေရာက ကြည့်​ကောင်းလို့လဲ? ဒီလိုဟာကို Benefitလို့​​တောင် သတ်မှတ်လို့ရရဲ့လား?

လု​ပေါ်ယွမ်၏အိမ်ကို ပြန်​ရောက်သည်နှင့် ကျန်းရုန် သူ့အခန်းကိုသွားလိုက်ပြီး ချက်ချင်း တင်း​ကောကိုဖုန်းဆက်​ကာ အချက်အလက်​တွေကို ပြန်​ပြောင်း​ပေးလို့ရမလားဟု ​မေးလိုက်၏။

"လူတစ်​သောင်း​ကျော်​လောက်​တောင် Vote​ပေးပြီးသွားပြီ​လေကွာ ဘယ်လိုလုပ်ပြန်​ပြောင်းလို့ရ​တော့မှာလဲ"
တင်း​ကော၏​လေသံက အရမ်းကို အူမြူးနေသည်။ "ငါမင်းWeiboအ​ကောင့်ကို သွားကြည့်လိုက်တာ Activeဖြစ်​​နေတဲ့အ​ကောင့်​တွေချည်းပဲ မင်းမှာပရိတ်သတ် ငါး​သောင်းနီးပါး​လောက်တိုးသွားပြီသိလား....အချို့လူ​တွေဆို ဘယ်​လောက်​ဖော်လံဖား​လေးလုပ်လုပ် ဒီလို​အောင်မြင်မှုမျိုးမရနိုင်ဘူး"

"ဒါကို​အောင်မြင်တယ်လို့​ခေါ်မလားဗျ!" ကျန်းရုန်အံကြိတ်လိုက်ရင်း "ဘယ်လိုလုပ်ဒီလိုဟာ​တွေကိုထည့်ထားတာလဲ ဘာတဲ့....ကပြရမယ်? ချွဲပြရမယ်? မိန်းက​လေးလိုဝတ်ရမယ်??"

တင်း​ကောက အရေးမစိုက်ဟန် ပုခုံးတွန့်လျက် ဆိုလာသည်။ "ငါမင်းကိုဟိုးအရင်ကတည်းက ဒီအစီအစဥ်အ​ကြောင်း ​ပြောပြီးသား​လေ။ ငါတို့ကို ကြိုက်တာလုပ်ဆိုပြီး ​ပြောခဲ့တာလည်း မင်းပဲမဟုတ်ဘူးလား။ ​နောက်ပိုင်း အတည်ပြုဖို့ဆိုပြီး မင်းဆီစာပို့​သေးတယ် မင်းကစာဖြင့်မပြန်ပဲ"

||Complete|| I Can Do It [MM Translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ