အပိုင်း(၁၀၁)

3.6K 551 16
                                    

(Unicode)

တင်းကောက မျက်ရိုးကိုနှိပ်လျက် လမ်းလျှောက်နေသည်။

ဒီနေ့ ဝန်ထမ်းတွေပတ်လည်ဝိုင်းနေသည့် ဓါတ်လှေကားထဲတွင် လုပေါ်ယွမ်ပြောလိုက်သည်က သိပ်မကြာခင် Weiboသာမက Tiebaမှာပါ ပျံ့သွားလောက်သည်။ လုပေါ်ယွမ်က ‘ချစ်သူ’ဟုသာ သုံးပြီး ‘ကောင်လေး’ဟု မပြော၍သာ တော်တော့သည်။ မဟုတ်ပါက တင်းကောမှာ အခုလို ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နေစရာ အကြောင်းမရှိတော့။

သူခေါင်းမော့လိုက်သည့်အခိုက် ဝရံတာကနေ ပြန်ထွက်လာကြသည့် နှစ်ယောက်ကို တွေ့လိုက်ရပြီး အဖြောင့်လွန် အလွန်ဖြောင့်သည့် တင်းကောမှာ ‘ဝရံတာ_လေ့ကျင့်ခန်းများ_avi’ကို ချက်ချင်း မြင်ယောင်မိသွားသည်။ သူ့စိတ်ကူးထဲမှကမ္ဘာကြီးမှာ ကွဲအက်သွားသော်ငြား တစ်ချိန်တည်းမှာပဲ တည်ငြိမ်မှုကို မပြိုလဲသွားစေရ။

“….ဘယ်လိုဖြစ်လို့ အပေါ်တက်ပြီး မလေ့ကျင့်ကြသေးတာလဲ? ရှောင်ပိုင်နဲ့အခြားသူတွေ ကော်ဖီမှာချင်ကြလို့ မင်းတို့နှစ်ယောက်အတွက် Wechatကမေးပေမယ့် ပြန်လည်းမဖြေကြဘူး။ ဘာသောက်ချင်ကြလဲ? အရင်တစ်ခေါက်မှာတဲ့ဆိုင်နဲ့ အတူတူပဲ”

ကျန်းရုန် ကော်ဖီနာမည်တစ်ခုကို ဖြစ်သလို ထုတ်ပြောလိုက်၏။ လုပေါ်ယွမ်က သူ့ထက်တောင် ဖြစ်သလိုဆန်သေးသည်။

“သူ့အတိုင်းပဲ”

ကော်ဖီ၏ဖေးမမှုဖြင့် ထိုနေ့ညတွင် လူတိုင်းက မနက်၃နာရီအထိ လေ့ကျင့်ဖြစ်ကြသည်။

အခုရက်ပိုင်းထဲ တင်းကောက သူ့မိန်းမဆီကနေ နားရက်ရှည်ကြီးတောင်းထားပြီး သူတို့နှင့်အတူ Baseတွင် နေဖြစ်နေသည်။ လုပေါ်ယွမ် နောက်ထပ်တစ်ပွဲ ကစားမည့်အချိန် တင်းကောက သူ့ကို တားလာသည်။

တင်းကောက တိုးတိုး တိုးတိုးဖြင့်။

“တော်ပြီ နားလိုက်တော့။ ကစားနေတာ ဘယ်လောက်တောင်ကြာပြီလဲ?”

လုပေါ်ယွမ်က နာရီကြည့်လိုက်ပြီး

“၄နာရီလောက်ပါပဲ”

“သောက်ကျိုးနည်း ၆နာရီကျော်ပြီဟ”

တင်းကောကပြောလာသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now