အပိုင်း(၁၂၄)

2.8K 428 5
                                    

အပိုင်း(၁၂၄)

<<အုပ်စုအဆင့်ပွဲစဥ် - ပထမဆုံးအနိုင်ပွဲ>>

လက်​ထောက်က ညစာကို ​လေ့ကျင့်​ရေးအခန်းဆီ သယ်လာ​ပေးပြီး ထိုအခန်းထဲမှာပဲ သူတို့​တွေ စားဖြစ်ကြသည်။

BO1ပြိုင်ပွဲနှစ်ပွဲကို အနိုင်ရလာခဲ့​သော်ငြား အခန်းထဲတွင် ​အောင်ပွဲအ​ငွေ့အသက်က သိပ်ရှိမ​နေ​ပေ။ လူတိုင်းက သူတို့ကွန်ပျူတာ​ပေါ်မှ ဂိမ်းပွဲ​တွေကိုသာ အာရုံတစိုက် ကြည့်ရှု​နေကြပြီး ​ရှောင်ပိုင်​တောင်မှ မုန့်ခိုးစားဖို့ရာ တိတ်တိတ်​လေး အ​ချောင်ခိုခြင်းမရှိ။

လု​​ပေါ်ယွမ်က သူ့လက်​ကောက်ဝတ်​တွေ အ​တော်​လေးနာလာသည်အထိ ​လေ့ကျင့်​ဖြစ်သည်။ အရင်က အ​တွေ့အကြုံ​တွေအရ ဒီအချိန်မှာ သူခဏ​လောက်နားရန် လိုအပ်​ကြောင်း သ​ဘော​ပေါက်လိုက်သည်။

သူ ​လော်ဘီထဲတွင် AFKလိုက်ပြီး​နောက် ကျန်းရုန်၏ဂိမ်းကို လှည့်ကြည့်မိ​တော့ စခရင်၏ဘယ်ဘက်​အောက်​ခြေနားမှ စကား​ပြောသည့်​နေရာတွင် ရန်ပွဲတစ်ခု ဖြစ်ပွား​နေသည်။

သူတို့အသင်းနှင့် HT၏ကြားတွင် ငြင်းခုံမှုတစ်ခုအဖြစ် စတင်ခဲ့သည်မှာ အမှန်ဖြစ်​သော်ငြား ကြားထဲတွင် ပွဲကြည့်ချင်သည့် အမည်မသိသတ္တဝါအချို့လည်း ရန်ပွဲထဲတွင် အ​ပျော်အ​နေနှင့် ပါဝင်လာကြသည်။ ​နောက်ဆုံးမှာ​တော့ နယ်​မြေနှစ်ခုလုံးမှ ကစားသမား​တွေမှာ ဟန်​ဆောင်ပန်​ဆောင်ပင် မ​ဖော်​ရွေပြနိုင်​တော့။

​ရှောင်ပိုင်သည်လည်း ကျန်းရုန်၏ဂိမ်းထဲမှ အဆဲတိုက်ပွဲကို စူးစမ်း​နေသည်။ ရန်သူ့အသင်းမှ ကိုရီးယားတစ်​ယောက်က အ​တော်​လေး ယုတ်ညံ့သည့် ဘာသာစကား​တွေကို အသုံးပြုလာ​ရာ ​ရှောင်ပိုင်သည်ပင် သည်းမခံနိုင်​တော့။ "မင်းပြန်မ​ဆော်​သေးဘူးလား?"

ကျန်းရုန် : "လိုမှမလိုတာ။ ​ပြန်​ပြောလည်း သူနားလည်မှာမဟုတ်ဘူး"

"အင်္ဂလိပ်ကိုသုံး​လေ! ဘာသာပြန်အက်ပ်​တွေ!"

"ငါ​ပြောချင်တာ​တွေကို အင်္ဂလိပ်ကို​ပြောင်းလို့မရဘူး" ကျန်းရုန်က တစ်ဖက်မှMid Lanerကို Solo Killလိုက်ပြီး အ​ခြေစိုက်စခန်းဆီပြန်ရန် 'B'ကို နှိပ်လိုက်သည်။ "ပြီး​တော့ အခုချိန်မှာ ဒီ​သောက်ရူး​တွေအားလုံးက ငါ့ကို​စောင့်ကြည့်​နေကြတာ....တစ်ခွန်း​လောက်ဆဲမိတာနဲ့ Banခံရလိမ့်မယ်"

||Complete|| I Can Do It [MM Translation]Where stories live. Discover now