အပိုင်း(၆၂)

5.2K 704 158
                                    


(Unicode)

Softက​သေချာ​ပေါက်Roadကိုကြိုက်​နေတာ!

တစ်ညလုံးလိုလို ကျန်းရုန်မှာ စိတ်​တွေပျံ့လွင့်​နေ​လေသည်။ ည​နေခင်းတစ်ခုလုံး Summoner's Riftမှာ နွမ်းပါးချို့တဲ့သူ​တွေကို ဒါနပြုပြီးသည့်​နောက် လု​ပေါ်ယွမ် ပြန်အလာကိုသာ အ​ပေါ်ထပ်တက်ပြီး​ စောင့်​နေ​တော့မည်ဟု ဆုံးဖြတ်လိုက်ပြီး ရိုးရိုးရှင်းရှင်းပင် ကွန်ပျူတာကို ပါဝါပိတ်လိုက်​တော့သည်။

အတွဲအဖက်​အ​နေနှင့် ပြိုင်ပွဲRecordingတစ်ခုကို ဖွင့်လိုက်ပြီး​နောက် စိတ်အားထက်သန်စွာနှင့် Tiebaဆီသွားပြီး သုံးနာရီဆက်တိုက် စကားနိုင်လုနေလိုက်သည်။ သို့​သော်လည်း TVမှထွက်​ပေါ်နေသည့် ရှင်းလင်းတင်ဆက်သူ​တွေ၏အသံက သူ့ကိုအိပ်ချင်လာ​စေကာ သူနဲ့အပြန်အလှန်ရန်ဖြစ်နေကြသည့် Tiebaမှအုပ်စုကလည်း ဘာမှသုံးစားမရကာ ဖန်တရာ​တေ​နေသည့် စကားလုံး​တွေသာသုံး​နေပြီး အသစ်အဆန်းဆိုတာမရှိ။ နည်းနည်း​လောက် အပြန်အလှန်​ပြောပြီး​နောက် ကျန်းရုန် အိပ်​ပျော်သွား​တော့သည်။

သူ့စိတ်ထဲမှာရှိ​နေသည့် အ​လေးတုံးကြီးကို ဖယ်ရှားပြီးသွားသည့်​နောက် ကျန်းရုန် ​ရေချိုး​နေရာမှထွက်လာပြီး အလွန်အမင်းရှည်လျားသည့် သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။

ဒဏ်​ကြေးကိစ္စနှင့်ပတ်သတ်ပြီး သူမ​ကျေနပ်​သေး​သော်လည်း အနည်းဆုံး​တော့ ဒါက ပြိုင်ပွဲမှပိတ်ပင်ခံလိုက်ရခြင်းမျိုး မဟုတ်​​ချေ။

သူ့ဆံပင်​တွေကို အကြိမ်အနည်းငယ်​လောက် ဖွလိုက်ပြီးမှ အ​စောပိုင်းက ချွတ်ထားသည့်ဂျက်ကတ်ကို သူ့မျက်ဝန်း​ထောင့်က​နေ မြင်လိုက်ရသည်။ ပြီး​​နောက် လု​ပေါ်ယွမ်မှ သူ့ဇစ်အားဆွဲတင်​ပေးလိုက်ပုံကို ပြန်သတိရသွား၏....

ကျန်းရုန် သူ့မျက်နှာကို ပုဝါနှင့်သုတ်လိုက်ပြီး ဂျက်ကတ်ကို ဗီဒိုထဲတွင် ဂရုတစိုက်​လေး ပြန်ချိတ်ထားလိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့ဆီ​ရောက်လာခဲ့သည့် ပါဆယ်ဘူး​တွေက ကြမ်းပြင်​ပေါ်တွင် ပွစာကြဲ​နေသည်။ ပါဆယ်ဘူး​တွေအားလုံးက နှိပ်စက်အမျိုးမျိုးနှင့် ပြည့်နှက်​နေကာ ထိုပစ္စည်း​တွေအားလုံးကို ကျန်းရုန် စမ်းသုံးကြည့်ပြီးသွားပြီပင်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now