PBye (7)

4.5K 489 91
                                    

ကျန်းရုန်တစ်​ယောက် Rankတစ်ပွဲကစားပြီး​နောက် ရမှတ်ဇယားကိုဖွင့်ကာ KDA 1/7/8ရထားသည့် ကစားသမားအား ရီပို့ထုလိုက်၏။ ဂိမ်းတစ်​လျှောက်လုံး ​အောင့်အီးထားရသမျှ အဆဲစကား​တွေကို ကီးဘုတ်​ပေါ် ရင်ဖွင့်လိုက်ရာ အထင်​ကြီး​လောက်စရာ စာလုံး​ရေ၃၀၀​ကျော် အက်​ဆေးတစ်ပုဒ်က မျက်​တောင်တစ်ခတ်အတွင်း ​ပေါ်ထွက်လာသည်။

ပြီး​နောက် စိတ်ရှည်မှုတို့ ဂိတ်ဆုံး​ရောက်သွားပြီဖြစ်ရာ သူသည်းခံနိုင်​တော့ဘဲ ချာခနဲ ​ခေါင်းလှည့်လိုက်၏။ "​ပြောစရာရှိရင် ပါးစပ်က​ပြော"

ကျန်းရုန် Baseဆီပြန်​ရောက်ပြီးကတည်းက အခုအချိန်အထိ ကျွမ်းရိပိုင်၏အကြည့်​တွေက သူ့​နောက် တစ်​ကော​က်​ကောက် ​လျှောက်လိုက်​​နေခြင်း။ "​ပြောစရာရယ်လည်း မရှိပါဘူး..."

"ဒါဆို ​ခေါင်းကို​ရှေ့တည့်တည့်လှည့်ထား"

"—တကယ်​တော့ ​မေးစရာ​လေးတစ်ခုရှိတယ်"

"​မေး"

"တကယ်ကြီး​မေးလို့ရတာလား?"

"..."

ကျန်းရုန်၏ '​သေချင်​နေတာလား'ဟူ​သော အကြည့်​အောက်တွင် ​ရှောင်ပိုင်က သူ့ထိုင်ခုံကို ကျန်းရုန်ဆီ လှိမ့်လာသည်။ ပြီး​နောက် အသံ​သေး​သေး​လေးဖြင့် ရှက်ရွံ့စွာ ​မေးလာ​လေသည်။ "ဟို...ဟိုဟာ​လေ မင်းသိပါတယ် မင်းနဲ့ငါ့​ကော...အမ်း ကျစ်—ဘယ်လို​ပြောရပါ့...ဟိုဒင်း...အင်း...မင်းဖင်နာလား?"

TTCမှ Mid Lanerနှင့် Supportတို့နှစ်​ယောက် ​သွေး​အေးစစ်ပွဲနွှဲ​လိုက်ကြသည်။

ကျန်းရုန်က သူ့Livestreamမှပရိုဖိုင်ပုံကို ​ရှောင်ပိုင် ဟိုးအရင် ​တောသားဖြစ်ခဲ့စဥ်က ရိုက်ထားခဲ့သည့် ​သောက်ရမ်းရုပ်ဆိုး​​သောဓါတ်ပုံကို ချိန်းလိုက်သည်။ ရှောင်ပိုင်ကလည်း အ​ကျောမခံဘဲ လု​​ပေါ်ယွမ်၏ အရင်တုန်းက ဓါတ်ပုံအ​ဟောင်းကို ချိန်းပစ်လိုက်၏။ သို့​ပေမယ့် ထိုဓါတ်ပုံက 'ငါ့​ယောကျာ်းက အရင်တုန်းကလည်း အရမ်း​ချောတာပဲ' ဟု ထိုင်​အော်​နေကြ​သော ကွန်မန့်တစ်ပုံတစ်ပင်ကိုသာ ဆွဲ​ဆောင်နိုင်လိုက်သည်။

Stream​နေလျှင်လည်း နှစ်​ယောက်သားက လုံးဝအဆက်အဆံမလုပ်။ Rankပွဲ​တွေမှာ ပြိုင်ဘက်အ​နေနှင့်သွားတိုးပါက ကျန်းရုန်က ​အောက်လမ်းကို အလယ်လမ်းပမာ သ​ဘောထားပြီး ​ရှောင်ပိုင်ကလည်း လုံးဝအ​လျှော့မ​ပေးဘဲ Junglerနှင့်အတူ အလယ်လမ်းကို ​တောက်​လျှောက် သွားတတ်၏။ သူတို့လုပ်သမျှက တစ်​ယောက်ကိုတစ်​ယောက် ပစ်မှတ်ထားသည့် အထိအခိုက်မရှိ​သော က​လေးဆန်ဆန်အကွက်​​တွေချည်းသာ။

||Complete|| I Can Do It [MM Translation]Where stories live. Discover now