အပိုင်း(၆၈)

4.2K 692 68
                                    


(Unicode)

ရည်းစားထားတာပုံမှန်ပါပဲ

​ကြော်ငြာရိုက်ကူး​နေသည်က စုံတွဲကီးဘုတ်အမျိုးအစားဖြစ်​သော်လည်း သူတို့အ​နေနဲ့ ဓါတ်ပုံထဲတွင် အရမ်းကြီးပူးကပ်ပြရန်မလို​ပေ။
 
တစ်ဖက်က အနုပညာရှင်ဖြစ်ကာ အခြားတစ်ဖက်ကလည်း Esport​လောကရဲ့ နတ်ဘုရား​ပေါက်စ ဖြစ်​နေသည်မို့ ဘယ်လို​ကြောင့်ဖြစ်ဖြစ် အရမ်းကြီးရင်းနှီးသည့်ပုံစံ​ပေါ်​အောင် ရိုက်ကူး၍မရ​ချေ။
 
ဓါတ်ပုံရိုက်ကူး​ရေး၏ အဓိကဆိုလိုရင်း (Theme)က ဂိမ်းအတူကစား​​နေသည့် လူနှစ်​ယောက်ကို အ​ခြေခံထားသည်။ သူတို့နှစ်​ယောက် ရိုက်ကူးရသည့် အနီးကပ်ဆုံးအ​နေအထားက ကွန်ပျူတာ​ရှေ့မှာ ပုခုံးချင်းယှဥ်ထိုင်ရသည့်အခန်းနှင့် အိတ်တစ်ခုထဲကို လက်အတူထည့်ရသည့်အခန်းပင်။
 
ကျန်းရုန်က ဝန်ထမ်း​တွေသူ့အတွက်ပြင်​ပေးထားသည့် gaming chair​ပေါ်တွင် ထိုင်​နေ၏။ မလှမ်းမကမ်းမှာ​တော့ လု​ပေါ်ယွမ်​ဘေးတွင် ဝန်ထမ်းများ ဝိုင်းဝိုင်းလည်​နေ​လေသည်။ အလုပ်ပြီးသွားကြသည့် ​​ယောကျာ်း၊မိန်းမ ဝန်ထမ်းအစုံက သူ့ဆီမှ လက်မှတ်​တောင်း​နေကြသည်။ လု​ပေါ်ယွမ်က ​ခေါင်းငုံ့လျက် ဝန်ထမ်း​တွေကို စကား​ပြော​နေပြီး ​ဦးထုပ်လျှာကလည်း မျက်နှာကိုကွယ်ထားသည်​ကြောင့် သူ့မျက်နှာအမူအရာ ဘယ်လိုရှိသည်ကို​တော့ သဲသဲကွဲကွဲ မမြင်ရ​ချေ။
 
ချိုးချိုးက မိတ်ကပ်ကိုပြန်လည်ပြင်ဆင်ပြီး​နောက် ပြန်​ရောက်လာ၏။ သူမကလှည့်ကြည့်ပြီး ​မေးလာသည်။
 
“ဒီ​နေ့ပြိုင်ပွဲမရှိဘူးလား?”
 
ကျန်းရုန်က ​​အေး​ဆေးပင် ပြန်​ဖြေလိုက်သည်။
 
“မရှိဘူး”
 
ရိုက်ကူး​ရေးက ပြန်မစ​သေး​ပေ။ ဓါတ်ပုံဆရာက ​ကားဆွဲသမား(​နောက်ခံအပြင်အဆင်ဝန်ထမ်း)​တွေအား ​ဇာတ်ဝင်ပစ္စည်း​တွေကို အနည်းငယ် အ​ပြောင်းအလဲလုပ်ခိုင်း​နေသည်။
 
“ငါနင့်ရဲ့Livestream​တွေကိုကြည့်လာတာကြာပြီ”
 
ချိုးချိုးက​ပြောသည်။
 
“၂နှစ်​လောက်​တောင်ရှိ​တော့မယ်မလား? အဲ့ဒီတုန်းက ငါ《သံစဥ်မဲ့​သော》ရိုက်​နေတုန်း​လေ”
 
ကျန်းရုန်က ​ငေးငိုင်​နေဆဲ။ သူက အသက်မပါစွာနဲ့ ပြန်​ဖြေလာသည်။
 
“​ကျေးဇူး”
 
ချိုးချိုးက သူ့ကိုကြည့်ကာ တစ်ခစ်ခစ်ရီ၏။
 
“အခုတစ်​ခေါက်မတိုင်ခင်က​ရော ငါဘယ်သူဆိုတာနင်သိလား”
 
“မသိဘူး”
 
ချိုးချိုး၏ဆံပင်ကို ပြန်ပြင်​ပေး​နေသည့်ဝန်ထမ်းမှာ တုံ့ခနဲရပ်သွားပြီး ကျန်းရုန်ကို တအံ့တသြ ကြည့်လာ​လေသည်။
 
ချိုးချိုး ပါဝင်ရိုက်ကူးထားသည့် ဇာတ်ကားအများအပြားမရှိ​ပေမယ့်လည်း သူမ၏တစ်ခုတည်း​သောရုပ်ရှင်ကပင် အ​ကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ထို့​ကြောင့် သူမရဲ့​ကျော်ကြားမှုက အရမ်းမြင့်​လေသည်။
 
ဝန်ထမ်း : “မနှစ်က ချိုးချိုးက မင်းတို့အသင်းရဲ့ပြိုင်ပွဲကိုသွားပြီး ဂိမ်း​တောင်ကစားခဲ့​သေးတယ်​လေ”
 
“ကျွန်​တော်ကဒီနှစ်မှာLPLဆီ​ရောက်လာတာ”
 
ကျန်းရုန်က နည်းနည်းစဥ်းစားလိုက်ပြီးမှ ထပ်​ပြောလိုက်သည်။
 
“ဇာတ်ကား​တွေလည်းမကြည့်ဖြစ်လို့”
 
ဝန်ထမ်း : “…….”
 
ဒီနှစ်မှLPLဆီ​​ရောက်ရင်​တောင် ပြိုင်ပွဲ​တွေရဲ့တိုက်ရိုက်ထုတ်လွှင့်မှု​တော့ ကြည့်မှာပဲမဟုတ်ဘူးလား?
 
ဇာတ်ကား​တွေမကြည့်ရင်​တောင်မှ Weiboကhot search​တွေထဲမှာ​ရော မ​တွေ့ဖူးဘူးလား?
 
မင်းက ဂိမ်းပဲစွဲလန်း​နေတဲ့အိုတာခုမို့လို့လား? ဒါမှမဟုတ် ​တောင်ထိပ်​ပေါ်က ဂူ​အောင်းလူသားမို့လို့လား?
 
ချိုးချိုးက​တော့ အို့တို့အန်းတန်းပင်ဖြစ်မသွား။ အပြုံး​တွေကပင် ပိုပြီးနက်ရှိုင်းသွားသည်။
 
“သိပြီ…..ဒါနဲ့ ဘာလို့Roadကိုပဲကြည့်​နေတာလဲ? ​ပြောစရာတစ်ခုခုရှိလို့လား?”

||Complete|| I Can Do It [MM Translation]Where stories live. Discover now