အပိုင်း(၈၅)

4.1K 708 96
                                    

(Unicode)

နောက်တစ်နေ့ ကျန်းရုန်နိုးလာချိန်၌ Wechatစကားပြောအဖွဲ့မှ မက်ဆေ့ချ်မုန်တိုင်းနှင့် ရင်ဆိုင်လိုက်ရသည်။

[တင်းကော : မင်းတို့နိုးရင် ရုပ်ရှင်နဲ့ပတ်သတ်ပြီးထင်မြင်ချက်လေးတွေရေးပြီး ပိုစ့်တင်လိုက်ကြဦး လူပိုသိလာအောင်]

[Pine : ရုပ်ရှင်ရုံတွေမှာမပြတော့ဘူးမဟုတ်လား။ ဘာလို့လူသိများအောင်လုပ်ရဦးမှာလဲ? ရုပ်ရှင်စလွှင့်တုန်းကလည်း ကျွန်တော်တို့ ပိုစ့်တွေရှဲလ်ပြီးပြီလေ]

ကျန်းရုန် မျက်လုံးကိုပွတ်နေရင်း ဝင်ပြောလိုက်သည်။

[R-ong : ကျွန်တော်တော့ဘာမှမရှဲလ်မိဘူးနော်]

[တင်းကော : မင်းအကောင့်ထဲဝင်ပြီး ငါရှဲလ်လိုက်တယ်။ မင်းကလည်း​လေ gpထဲပို့တဲ့စာတွေကို သေချာဖတ်ပါလို့ ငါပြောထားရဲ့သားနဲ့]

[တင်းကော : ရုံတွေမှာမပြတော့ဘူးဆိုပေမယ့် အွန်လိုင်းမှာပိုက်ဆံပေးကြည့်နိုင်တာမျိုး လုပ်ဦးမှာလေ။ လူသိများဖို့လိုနေတုန်းပဲ။ တကယ်တော့ box officeကလည်း ပြည့်ရုံမကလို့လျှံပါထွက်နေပါပြီ။ ငါတို့က ဒီတိုင်း မရောင်ရာဆီဝင်လူးတာ]

[Pပေါင်ရဲ့Supportလေး : အဲ့လိုဆိုမှတော့ ကောပဲကျွန်တော်တို့အစား ရုပ်ရှင်ထင်မြင်ချက်လေး ရေးပေးပါလား?]

[တင်းကော : ငါပဲမင်းတို့အစား စင်ပေါ်တက်ပြီး ပြိုင်ပွဲမှာဝင်ကစားပေးရမလား?]

[Pပေါင်ရဲ့Supportလေး : …….]

[R : ဘာရေးရမလဲ]

[တင်းကော : ချီးကျူးတာဘာညာပေါ့ အခြားပြောချင်တာရှိလည်း စိတ်တိုင်းကျပြောလို့ရတယ်။ ဒါပေမယ့် လုံးဝမှတ်ထားရမှာက အကောင်းပဲပြောရမှာ အဆိုးမြင်တာတွေလုံးဝလက်မခံ!!!]

[တင်းကော : မင်းကရောဘာလို့ပရိုဖိုင်ချိန်းလိုက်တာလဲ?]

[Pပေါင်ရဲ့Supportလေး : ကော ကြောင်မွေးထားတာလား?]

[R : မမွေးဘူး]

[Pပေါင်ရဲ့Supportလေး : ဒါဆို ပုံထဲကကြောင်ကဘယ်ကကြောင်လဲ?]

[R : ငါ့ချွေးမ]

အစကတော့ ကျန်းရုန် အိပ်ရာထဲမှာ အပျင်းတစ်နေလိုက်ဦးမည်ဟု ကြံရွယ်နေခြင်းဖြစ်သည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now