အပိုင်း(၈၃)

5.2K 817 109
                                    

(Unicode)

ပုံမှန်အားဖြင့်တော့ ရှောင်ပိုင်က အရှေ့တံခါးဆီထွက်ကြည့်ကာ ဘာတွေများဖြစ်ပျက်နေလဲဟု စစ်ဆေးအချိန်ဖြုန်းဖို့ထိ ပျင်းမနေပေ။ အခုတစ်ခေါက် ဆင်းလာရသည့်အကြောင်းရင်းကတော့….သူသရဲတွေ့လိုက်သည်ဟု ထင်သွား၍ဖြစ်သည်။

ဒီလိုတိတ်ဆိတ်မှောင်မည်းနေသည့် ညသန်းခေါင်အလယ်တွင် လမ်းသွားလမ်းလာဆိုသည်မှာလည်း မရှိသလောက်နည်းသည်။ သူတို့နှစ်ယောက်ရပ်နေပုံက အတော်လေး ကြောက်မယ်ဖွယ်ရာ ဖြစ်နေလေသည်။ ထို့ကြောင့် သူ့မှာ မတတ်သာဘဲ Pineကိုပါဆွဲခေါ်လာပြီး ထွက်ကြည့်ရခြင်း ဖြစ်သည်။ ထိုအချိန်၌ Pineက သူ့အနောက်တည့်တည့်တွင် ရပ်နေပေသည်။

အိမ်ပြန်​နောက်ကျ​သော သူတို့၏အသင်းသားနှစ်​ယောက်က သံဂိတ်တံခါးကို ​ကျော်ဖြတ်လာသည်။ ရှောင်ပိုင်က ကျန်းရုန်နှင့် ဘေးချင်းကပ်လျှောက်လီုက်ပြီး ကျန်းရုန်၏အတွေးထဲနစ်မြောနေပုံကိုမြင်တော့ တိုးတိုးလေး မေးကြည့်လိုက်သည်။

“ခုဏတုန်းက မင်းနဲ့ငါ့ကောနဲ့ ဘာအကြောင်းပြောနေကြတာလဲ?”

ကျန်းရုန် သူ့ခံစားချက်တွေကိုထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ပြီး

“ငါတို့နှစ်ယောက်လုံးကောင်းဖို့အတွက် အခုငါ့ကိုစကားလာမပြောနဲ့ဦး”

ရှောင်ပိုင် အကြံအိုက်သွားသည်။

“ဘာဖြစ်လို့လဲ?”

ကျန်းရုန် အေးစက်စက် စကာလုံးတစ်လုံးချင်းကို ပီသစွာရွတ်ပြလိုက်သည်။

“ရန်ဖြစ်တာကစည်းကမ်းဖောက်တာ လူသတ်တာကဥပဒေချိုးဖောက်တာ”

ရှောင်ပိုင် : “………….???”

အရှေ့တံခါးဆီမှ ဆူညံသံတွေကိုကြားလိုက်သည်နှင့် တင်းကောက တဖျစ်တောက်တောက်ပြောရင်း လှည့်ကြည့်လာသည်။

“မင်းတို့နှစ်ယောက်ကတော့ တကယ်ပဲနော် ဟမ့်။ ငါ့မိန်းမကိုတောင် ဒီလောက်ကြာအောင် တစ်ခါမှမစောင့်ဖူးဘူး”

လုပေါ်ယွမ် : “ဒါဆိုမရီးကိုကောင်းကောင်းမဆက်ဆံဘူးပြောရမှာပေါ့”

||Complete|| I Can Do It [MM Translation]Where stories live. Discover now