အပိုင်း(၁၁၉)

2.6K 416 48
                                    

အပိုင်း(၁၁၉)

ရည်းစားထားပြီဆိုရင် သူများထက် နိမ့်​နေလို့မဖြစ်ဘူး

ကျန်းရုန်က လက်ရှိ စု​ပေါင်းတိုက်ပွဲအလယ်တွင် ဖြစ်သည်။ ​နေရာယူမှားသဖြင့် တစ်ဖက်၏CCကို စားလိုက်မိကာ မကြာမီမှာပဲ သူ့စခရင်က ​မှောင်သွား​တော့သည်။

သူ ပင့်သက်ရှိုက်လိုက်ပြီး စကား​ပြောခန်းထဲတွင် စာရိုက်လိုက်သည်။ [ငါ့အမှားပါ]

သူ့အသင်းထဲမှ Supportက ချက်ချင်း စာပြန်လာသည်။ [မဟုတ်ဘူး မဟုတ်ဘူး တကယ်က ငါ့အမှား။ ​စော​စောက နတ်ဘုရားလုရဲ့ Streamဆီသွားပြီး ကွန်မန့်​ပေး​နေလို့။ မင်းအတွက် Mikael မသုံး​ပေးလိုက်မိဘူး]

(T/N : Mikael—CCဖယ်​ပေးနိုင်တဲ့ Support​တွေအတွက် item)

ကျန်းရုန် : [......]

Mid-Late game​ရောက်​နေပြီဖြစ်ရာ ​သေဆုံးခြင်းကာလက စက္ကန့်အ​တော်ကြာသည်။ တစ်မိနစ်လုံးလုံး Barrageထဲ ဝိုင်းမန့်​နေသည့် ​ထောင်သောင်းချီ​သော ကွန့်မန့်​တွေကို ကျန်းရုန် စိုက်ကြည့်​နေရင်း ​နောက်ဆုံးမှာ​တော့ သူသည်းမခံနိုင်​တော့ဘဲ ဖုန်းကိုထုတ်ကာ ကွန်မန့်နှစ်ခု ပို့လိုက်သည်။

[Guest849248 : ​စောင့်​မျှော်​နေပါတယ် နတ်ဘုရားလု ဂိမ်းမြန်မြန်စကစားပါ​တော့လား?]

'ပို့'သည်ကို နှိပ်လိုက်သည်နှင့် အကန့်အသတ်မရှိ​သော ကွန်မန့်ပင်လယ်ကြီးထဲ သူ့ကွန်မန့်​လေးမှာ ​ပျောက်ဆုံးသွား​တော့သည်။

[Guest849248 : မင်းတို့​ကောင်​တွေ နည်းနည်း ပိုအ​ခြေအမြစ်ရှိတာ​တွေ မန့်ကြလို့ မရဘူးလား? မင်းတို့​တွေ ဒီလိုလုပ်​နေကြရင် ​အေး​ဆေးကြည့်ချင်တဲ့ အခြားသူ​တွေ ဘယ်လိုကြည့်ရ​တော့မလဲ?]

ဒီတစ်ကြိမ်​တော့ တစ်စုံတစ်​​ယောက်က သူ့ကို အ​ရေးစိုက်လာပြီး PMပင် ပို့လာသည်။

[Softရဲ့ချစ်​ဖေ​ဖေက မင်းကို တိုးတိုး​လေး​ပြောပြမယ် : မင်းအ​ဖေရဲ့ကိစ္စမှာ လာမရှုပ်နဲ့။ ငါ့သားမက် သူStreamချင်တာ Streamလိမ့်မယ်။ မင်းထိန်းချုပ်စရာ ဘာ​သောက်​ကြောင်းမှမရှိဘူး။ ကြည့်မယ်ဆိုလည်း ကြည့် ၊ မကြည့်ဘူးဆိုလည်း လစ်]

||Complete|| I Can Do It [MM Translation]Where stories live. Discover now