Ch 76 - Oniooon

98 18 0
                                    

|| Unicode ||

    အကြီးမြတ်ဆုံးဆရာသခင်လင်းယွင်!

    ဘေးထိုင်ခုံ၌ထိုင်နေသောဆုရှောင်းမီသည် သူမျက်နှာပေါ်မှ စိတ်လူပ်ရှားမှုကို မဖုံးကွယ်ထားနိုင် သူမျက်နှာသည့် အိုက်ဒေါနောက်လိုက်သူများကဲ့သို့လင်းလက်နေပြီး ဂနာမငြိမ်နှင့်သူလက်များကလည်ပင်းကို ကုတ်နေလျက် သူ့အရှေ့ကိုမြင်ရဖို့မျှော်လင့်နေသည်။

    ရလာဒ်‌အနေဖြင့်လူပင်လယ်ကြီးပမာကျိတ်ကျိတ်တိုးနေပြီး မနက်ခင်းရူံတက်ချိန်များကဲ့သို့ လမ်းသည်လုံးဝပိတ်ဆို့နေသည် ဘယ်ကားမှ ဒါရိုက်တာကမည်သူအား ကိုယ်စားပြုသည်ကို မြင်နိုင်ရန်မဖြစ်နိုင်။

    ဆုရှောင်းမီ...

    "ဆရာသခင်လင်းယွင်နဲ့ လူကြီးမင်းတို့က မစ္စတာကျိုးသီးသန့်ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေပါ။ သိပ်မကြာမီသူတို့နဲ့တွေ့ရတော့မှာပါ။"

    ဒါရိုက်ဘာသည် ကားစတီယာဘီးအားလှည့်လိုက်ပြီး လမ်းကြောင်း‌ ပေါ်ရှိနေသောလူအုပ်အားပိတ်ဆို့ထားသည့် အစောင့်များနှင့် လက်နက်ကိုင်အစောင့်များရှိရာသို့ လှည့်သွားသည်။ " ကျွန်တော်တို့ အထူးလမ်းကြောင်းဘက်ကသွားမယ်"

    ကားသည် အပြင်ဘက်ရှိ ဟွန်းတီးလာ‌ သော ကားတစ်ကားပြီး တစ်ကားကို လျစ် လျူ ရှူ၍ အထူးလမ်းကြောင်းဘက်သို့မောင်းဝင်သွားသည်။

    "ဒီနေ့ ပြခန်းဘက်မှာ ဘာလို့လူဒီလောက်များနေရတာလဲ?"

   ပိုင်ကုသည် သူပေါင်ပေါ်ရှိ စိတ်ဝိဉာဉ်ခွေးအား ပွတ်သပ်ပေးနေသည် စင်္ကြန်လမ်းလေးထဲဝင်သွားပြီးနောက် စိတ်လှုပ်ရှားစွာခုန်ပေါက်နေသော ခွေးပေါက်လေးပြန်ငြိမ်သွားပြီး ပိုင်ကုပေါင်ပေါ်တွင် အမွှေးရှည်နှင်းဖြူပန်ကိတ်လေးကဲ့သို့ပြိုလဲသွားသည်။

    " ပွဲကတက်ကြွခမ်းနားတဲ့အခြေနေမျိုးလိုအပ်တယ် ပိုပြီးတက်ကြွစိတ်လူပ်ရှားဖို့ကောင်းလေ အခြေနေပိုကောင်းလေပဲ"

    ကျိုးမိသားစုရွေးချယ်ထားသည့်ဒါရိုက်ဘာသည်အလွန်ကျွမ်းကျင်သာ စဉ်းစားတွေးခေါ်တက်ပြီး ရိုးသားစွာပြုံးပြကာ " ဒါကိုသခင်ကစီစဉ်ထားတာ။ သူတို့တွေကအပြင်ဘက်မှာ တခြားအဆိုရှင်တွေသီဆိုတာကိုနားထောင်နိုင်ပြီး လူကြီးမင်းတို့ကတော့ အတွင်းဘက်မှာနားဆင်ရမှာပါ"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now