Ch.29.1-Meow,meow meow, meow meow meow?!

379 91 5
                                    

||Unicode||

ဆုရှောင်းမီ သူ့လက်ကိုဝေ့ယမ်းလိုက်ပြီးနောက်: "ဒီနှစ်ခုကိုမေးခွန်းတစ်ခုထဲလို့တွက်လိုက်မယ် တခြားမေးစရာရှိသေးလား?"

ဝူရုန်: " တစ္ဆေက စကားမပြောနိုင်ရင် သူနဲ့ဘယ်လို ဆက်သွယ်ရမလဲ?"

တစ္ဆေကြီးမှာ အာရုံငါးပါးအပိတ်ခံထားရကာ မကြားနိုင်မပြောနိုင်သဖြင့် ဝူရုန်သူ၏ခံစားချက်ကို တခါတရံခံစားရပြီး ထိုထက်ပိုဘာမှမလုပ်နိုင်။ ဖန်သားပြင်ပေါ်တွင် ဆီနှင်းတစ်လွှာဖုံးလွှမ်းထားသလိုပင်။

"ဟေး! ငါအဲ့နေရာမှာတော်တယ်!"

ဆုရှောင်းမီ ဝူရုန်နားထဲသို့တီတိုးပြောလာပုံမှာ မြေအောက်လောကသားအချင်းချင်း လျှို့ဝှက်စကားဖြင့် စကားပြောနေသလိုပင်။

"မှတ်ထား အဲ့တာငါရဲ့တမူထူးခြားတဲ့လျှို့ဝှက်ချက်ပဲ။ ငါပြောသလိုလုပ်နေသရွေ့မင်းအိမ်မက်ထဲမှာ သူကိုမြင်နိုင်တယ်။ ဒါပေမယ့်ပျိုးထောင်မယ့်တစ္ဆေမှာ အကြမ်းဖတ်တက်တဲ့အကျင့်ရှိနေရင် မင်းဂရုစိုက်တာပိုကောင်းမယ်။ ပြီးတော့ အိမ်မက်ထဲသေသွားရင်အပြင်ဘက်မှာလည်း ဦးနှောက်သေသွားလိမ့်မယ်။

"ကောင်းပီ ။အဆုံးသတ် အနေနဲ့ မင်းဘာမေးချင်သေးလဲ?"

"ငွေအမြန်ဆုံးဘယ်လိုရှာရမလဲ?"

ဝူရုန်အလွန်ပွင့်လင်းစွာမေးသဖြင့် ဆုရှောင်းမီ တခဏမျှ သတိမပြုမိပဲ မျက်တောင်ခပ်လိုက်ရင်း " အာ? အို! ငါသိပြီငါသိပြီ ဒါပေမယ့် ငါသိသမျှ တော်တော်များများက ကောင်းကင်သခင် တွေပဲ လုပ်နိုင်တာမျိုး အကြားအမြင် ပညာနှင့် အက္ခရာရေးဆွဲခြင်းတွေကနေ ငွေရှာလို့ရနိုင်တယ်။ တာဝန်တွေလုပ်ပြီး တစ္ဆေမုဆိုး လည်းဖြစ်နိုင်တယ်။ငွေရလွယ်ပေမယ့် အရမ်းအန္တာရယ်များတယ်။

"ငွေအများကြီးရတဲ့မစ်ရှင် အများစုက နတ်ဆိုး ဝိဉာဉ်အဆင့်မစ်ရှင်တွေ။ အတွင်းကရေတွေက တကယ်နက်တယ်။ တချို့မစ်ရှင်တွေဆိုရင် နတ်ဆိုးဝိဉာဉ်အဆင့်လို့ပြောကြတယ်။ တကယ်တမ်းကြ အဲ့ကိုသွားပြီးတဲ့အခါမှ အဲ့မှာနတ်ဆိုးတစ္ဆေအမေနဲ့ သားအတွဲလိုက်ဖြစ်နေတာမျိုး။ ကြွေလုပ်ငန်းကိုစိန်မပါပဲမလုပ်နဲ့(T/N တခုခုမလုပ်ခင် ကိုယ့်စွမ်းအားကို ချင့်ချိန်ပါ။ မင်းစွမ်းရည်အကန့်သတ်ရှိနေရင် မင်းလုပ်နိုင်စွမ်းထက်ပိုကြီးတဲ့အရာတွေ မလုပ်နဲ့ ။ ဘယ်လိုသေသွားမှန်း တောင်သိလိုက်ရမှာမဟုတ်ဘူး။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now