Ch75-Bark bark bark

215 33 0
                                    

|| Unicode||

    အပေါ်ဘက်ဆီမှလာနေသောကြောက်မက်ဖွယ်အရှိန်ဝါကြောင့် ဒူးတစ်‌ဖက်ဖြင့်ဒူးထောက်နေသောငယ်သားမှာ တုန်ယင်နေပြီး အကြောက်တရားကြောင့် မြေပေါ်မှောက်ကျလုနီးပါပင်။သူအကောင်းဆုံးကြိုးစားပြီးအသံကိုငြိမ်အောင်ထိန်းချင်သော်လည်း တာဝန်အကြောင်းအစီရင်ခံခဲ့သော ထိုသူမှာ ဖေးချန်ကြောင့် သွေးအိုင်အဖြစ်သို့ပြောင်းသွားပြီဖြစ်သည်။

   " မင်းသူ့ကိုသင်ခန်းစာပေးချင်နေတာလား?"

    အဆုံးမှာတော့ ဝူရုန်၏ငယ်သားများက လူအိုကြီးယန် စောင့်ရှောက်သူသျှန့်နှင့် တခြားသူများအားသတ်ဖြတ်ပြီးသည်ဖြစ်၍ သူ၏ခွန်အားအား  ဘုရင်ဖေးရှေ့ချပြရန်လုံလောက်ပြီဖြစ်သည်။ အရင်ကသူ၏အတွေ့ကြုံနှင့်ခွန်အားများအပါဝင်ဖြစ်သည်။ လျှို့ဝှက်ကြာပန်းအသင်းတော်၏စည်းမျဉ်းဖြစ်စေ ဝူရုန်ကိုယ်တိုင်၏ခွန်အားဖြစ်စေ နှစ်မျိုးလုံးသည် ဘုရင်ဖေး၏ သိလိုစိတ်ကိုလှုံဆော်ပေးနေသည်။

   "မင်းဘယ်သူလို့ ပြောလိုက်တယ်...?"

    အမျိုးသား၏အသံနက်ထဲမှ ပျော်ရွှင်မှုနှင့်ဒေါသမှာခွဲခြားမရစွာပါရှိနေပြီး စွမ်းအားအပြည့်နှင့်ဖိနိုပ်နိုင်သောအားတစ်ရပ်ပါဝင်နေကာ လူများကိုကြောက်ရွံစေသည်။ အခြေနေအရပ်ရပ်အားအစီရင်ခံနေသောဘေးနှစ်ဖက်ရှိငယ်သားအားလုံးမြေပေါ်သို့တိုက်ရိုက်‌ပြိုလဲကုန်ကာကြောက်ရွံမှုဖြင့်မွန်းကြပ်နေတော့သည်။ သွားပြီး ဘုရင်ဖေးကဘာကြောင့်အရမ်းစိတ်ဆိုးနေတာလဲ? ဝူရုန်ကဖိတ်ကြားချက်ကိုငြင်းဆန်ရဲလို့များလား? ငယ်သားသည်ယနေ့သူကံမကောင်းဟုခံစားလိုက်ရပြီး သွားများပင်အချင်းချင်းရိုက်နေကာ သူ၏အသံမှာပို၍ပို၍ တုန်ယင်လာသည်:

   "ဝူ ဝူရုန်..."

    ဘုန်းး

    အသံကျယ်နှင့်အတူ ထိုငယ်သားသည် အဝတ်စုတ်အရုပ်တစ်ခုကဲ့သို့နံရံအားအားနှင့်သွားစောင့်တော့သည်။ သွေးများစိုရွဲနေကာ ပြုတ်ကျပြီးမေ့မြောသွားတော့သည်။ တခြားသူများသည်လည်းအလွန်ကြောက်လန့်လာပြီး မြေပေါ်ဒူးထောက်နေကာ အသံတစုံတရာမထွက်ရဲကြပေ။ ဝူရုန်ကဓမ္မဘုရင်ဖေးချန်ကိုဘယ်လိုများ ရန်စလိုက်ပါလိမ့်? သူကဖိတ်ကြားချက်ကိုငြင်းပယ်လိုက် လို့များ သူက သေနတ်ပြောင်းဝနဲ့ရင်ဆိုင်ရတာများလား? သူကအရမ်းကို ငယ်ရွယ်ဖြတ်လက်လွန်းတယ်လို့ထင်ရပေမယ့် ကြည့်ရတာ အလျော့အတင်းလုပ်သင့်တဲ့သဘောကိုမသိဘူးထင်တယ်။ ဓမ္မဘုရင်ဖေးကိုစိတ်ဆိုးအောင်လုပ်ပြီး မှတော့ ကောင်းတဲ့အရာတွေရနိုင်ဦးပါ့မလား?

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now