Ch1.4 Rebirth

1.5K 203 0
                                    

Unicode

လမ်းကြားထဲတွင်ပုန်းနေရင်း ဝူရုန်သည် ဆေးလိပ်ကို မလိုက်၍ သူ့အမေတယောက် ၀ယ်သူကို ငွေစက္ကူများရောင်းပြီး အလုပ်ရူပ်နေသည်ကို ငေးကြည့်နေသည်။

(လောင်လန်းရှို့ရီ စတိုးဆိုင်)

အသုဘပန်းခွေ၊ အသုဘခြုံထည်၊ လက်ပတ်၊ ဖုန်ရှို့၊ အမွှေးနံ့သာစက္ကု၊ ပြာအိုး။
မီးသဂြိုလ် မြှုပ်နှံအပြီးသတ်၀န်ဆောင်မူပေးသည်။ ၀န်ဆောင်မှုဖုန်းနံပါတ် XXX

ဝူရုန်သည်သူ့အမေ၏အမည်ကိုယူခဲ့ပြီး သူ့အဖေ၏အမည်သည် လန်း ဖြစ်သည်။ သူအဖေကအစောကြီးထွက်သွားသဖြင့် သူ့အမေအတွက် ဒီရှို့ရှီ ဆိုင်ကို ထားခဲ့ခြင်းဖြစ်သည်။ ဝူရုန်သည် ကလေးဘ၀မှ အရွက်ရောက်သည်ထိ သူ့အ‌ဖေက အိမ်မှာဆိုင်ဖွင့်ထားသဖြင့် ပတ်၀န်းကျင်မှ ဖယ်ကြဉ် ၍ ခွဲခြားဆက်ဆံခံရသည်။ အခုတော့ သူအမေတယောက်ဆိုင်‌ရှေ့အလုပ်များနေပုံကို ကြည့်ရင်း သူမ၏ ရင်းနှီးပေမယ့်စိမ်းသက်နေသော မျက်နှာကိုကြည့်နေမိသည်။ ဝူရုန်၏နှလုံးသားထဲတွင် ပြောမပြောတက်နိုင်သော ခံစားမူများရှိနေလေသည်။

"ကလင် ကလင် ကလင်"

ဖုန်းသံကရုတ်တရက်မြည်လာသဖြင့်ဝူရုန်သည် ဖုန်း ကိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် မည်သို့ပင်နိုပ်နေပါစေ နိုပ်မရဖြစ်နေပြီး ဖုန်းသံသည် ဆက်လက်မြည်နေလေသည်။

ပြတ်သားနေသောဖုန်းသံသည် တခြားသူများ၏အာရုံကိုဆွဲဆောင်သွားသည်။ ဝူရုန်သည်သူ့အမေမတွေ့ခင် ထောင့်ဘက်သို့လှည့်လိုက် ချိန်ထိ ဖုန်းက မချိတ်ဆက်သေးပေး။ ဖုန်းသံကတချိန်လုံးမြည်နေပြီး စက်သည်ပွင့်လိုက်ပိတ်လိုက်ဖြင့်တုန့်ပြန်မူမဲ့စွာ မျက်နှာပြင်ကမှောင်မည်းနေလေသည်။

ဖုန်းကပျက်သွားတာများလား?

ပျင်းရိငြီးငွေ့ဖွယ်ဖုန်းသံသည် ဘာမှမရှိသောလမ်းလေးထဲထပ်ကာထပ်ကာမြည်နေလေသည်။ လမ်းကြားထဲ၌ ဝူရုန်တယောက်တည်းရှိလေသည်။ တခုခုမှားနေပြီ ဖြစ်ကြောင်းအလိုလိုသိစိတ်က ဝူရုန်ကိုအချက်ပြနေသည်။ ကြက်သီးများ ထလာသဖြင့် ဖုန်းကိုလွှစ်ပစ်ရန် ရိုးရိုးလေးတွေးလိုက်ပေမယ့် အာ့ခဏမှာပဲ ရပ်တန့်သွားသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now