Ch.23.1-Bark , Bark Bark Bark Bark?

402 97 0
                                    

Unicode

   ဝူရုန်ကင်မရာကိုပိတ်ပြီးနောက် ‌ညာမျက်လုံးကိုမှိတ်လိုက်ပြီး ဘယ်မျက်လုံးသို့ယင်စွမ်းအင်စုစည်းလိုက်သည်။ ထိုခဏတွင်ယင်ချီရောတစ္ဆေချီပါလွတ်လမ်း မရှိတော့ချေ။ ခွေးတစ္ဆေများဖြတ်သွားသောလမ်းကြောင်းတွင် ပါးလျှသောအနက်ရောင်မြူများဖုံးလွှမ်းလျက် အနောက်မြောက်ဘက်ဆီဦးတည်နေပြီး အရမ်းကိုမှသိသာထင်ရှားပေသည်။

    "ဝုတ် ဝုတ်!"

    ခွေးကြီးသည်ဝူရုန်ရှေ့၌ စောင့်ကြောက်ထိုင်လျက်ရှိကာ အရုပ်သရဲအားကိုင်ချီထားရင်းကောင်းမွန်စွာလေ့ကျင့်ပေးထားသောစစ်ခွေးများလို သူမျက်လုံးထဲတွင်ဝူရုန်သာရှိသည်။ ဝူရုန်သာ်သူ၏သ‌စ္စာရှိမူက ဘယ်ကလာမှန်းမသိပေ။ ဖြစ်နိုင်သည်က ထိုနေ့ကဆေးရုံတွင် ယင်စွမ်းအင်သုံး၍ ရေတခွက်ဖျော်ပေးခဲ့ခြင်းသာ။

    ဝူရုန်လက်ဆန့်ပေးလိုက်သောအခါ ခွေးကြီးသည်ခေါင်းငုံ့လျက် သူ့လက်ထဲသို့အရုပ်အားထည့်ပေးလိုက်ပြီး အလွန်ဂရုတစိုက်ဖြင့် သူ၏သွေးစွန်းနေသောအစွယ်များဝူရုန်အားမထိမိစေရန်ပြုမူနေသည်။ အရုပ်သရဲအားအဝေးသို့ပို့လိုက်ပြီး ဝူရုန်ခွေးဝိဉာဉ်များ ထပ်ဂရုမစိုက်နိုင်တော့ပဲ ယင်ချီလမ်းကြောင်းဦးတည်ရာသို့ထွက်ခဲ့သည်။ ခြေလှမ်းတစ်ဒါဇင်ခန့်လှမ်းပြီးနောက်သူ ရပ်လိုက်ပြီး ပြန်လှည့်ကြည့်လိုက်သည်။ခွေးကြီးသည်ထိုနေရာ၌သာ စောင့်ကြောင့်ထိုင်လျက် မြေကြီးတွင်သံမိူစွဲထားသလိုဖြစ်နေကာ မျက်လုံးများက ဝူရုန်ပုံရိပ်နောက်ကျောဘက်သို့သာခေါင်းမာမာဖြင့်လိုက်ကြည့်နေပြီး ထွက်ခွာခွင့် အမိန့်မရမခြင်း ထိုနေရာ၌သာ တသတ်လုံးနေသွားတော့မလိုပင်။

    ဝူရုန်ပြန်လှည့်ကြည့်သည်ကိုတွေ့သောအခါ မျက်လုံးများပင့်တက်သွားပြီး ရှေ့သို့ငုံချလိုက်ကာ နားရွက်ကိုထောင်လျက် အမြီးကိုဝေ့ယမ်းပြလာသည်။ လျှာကိုမောဟိုက်နေသယောင်ထုတ်ထားသည်။ ရက်စက်သောခွေးကြီး၏စိတ်လူပ်ရှားနေပုံမှာထိပ်လန့်ဖွယ်ကောင်းလှပြီး အမွှေးမရှိသော အသားများကတင်းမာလျက် များစွာသောပြည်တည်နာများပုတ်ပွလျက်အရိုးထိရောက်နေပြီး ရွံစရာအနံ့များနှင့်ပြည်များသာကျန်နေသည်။ အသတ်ရူသံမှာသွေးဆာသောသတ္တဝါ၏စွမ်းအင်များပြည့်နေ၍ မျက်လုံးမှာကြောက်မက်ဖွယ်နီရဲနေကာ တစ်စုံတစ်ဦးကိုအငမ်းမရဝါးမျိုချင်နေပုံပေါ်သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now