Ch 72 - Loootus

248 40 1
                                    

|| Unicode ||

"ဆရာသခင်လင်းယွင်?"

ဟွမ်မောင်ပင့်သက်ရိူက်မိသည် အံ့ဩမှုကြောင့်မှင်သက်သွားရင်း " အာ့တာအမှန်ပဲလား လုံဟူတောင်တန်းပေါ်ကဆရာသခင်လင်းယွင်လေ?!"

"ဟုတ်တယ် သူပဲ!"

ဆုရှောင်းမီဝင်၍ပြောသည် စကားပြောနေစဉ် သူ၏မျက်လုံးများက တောက်ပနေ‌သောကြယ်လေးကဲ့သို့တဖျတ်ဖျတ်လက်နေသည်။ သူသည်ရှားပါးလှသော တမ်းတမက်သောသည့်ပုံစံကို‌ပြသလျက် " ကျွန်တော်ကျားယန်ကိုကျွန်တော်ဘာသာလာခဲ့ရတဲ့အကြောငကဆရာသခင်လင်းယွင်ကြောင့်ပဲ"

လူစုထဲတွင် ပိုင်ကုသည် သူ့အရင်ဘဝ၌ဝေးလံခေါင်သီသော မြောင်ကျန်းတွင်သာနေဖူးပြီး မြို့ကြီးပြကြီးသို့မရောက်ဖူးခဲ့။ "ဆရာသခင်လင်းယွင်"ဟူသောအမည်ကိုကြားသောအခါ သူအနည်းငယ်အကျွမ်းမဝင်‌ဖြစ်နေသည်။

"ဆရာသခင်လင်းယွင်ကလွန်‌ခဲ့တဲ့ရက်အနည်းငယ်တုန်းကမှ တံခါးပိတ်ကျင့်ကြံခြင်းကထွက်ခဲ့တာ။ ဆရာက အစကတော့ သူ့ကို တွေ့ဆုံပွဲကိုဖိတ်မလို့ ဒါပေမယ့်မမျှော်လင့်ပဲဆရာသခင်လင်းယွင်က ကျားယန်ကိုတိုက်ရိုက်ကြီးလာခဲ့တယ်လေ"

ယနေ့အတွက်ကျောက်လောင်းပွဲမှာ စိတ်ဝင်စားစရာမရှိလှ။ သူတို့သည် ဝူရုန်နှင့်တခြားသူများ ယာယီတည်းနေသောဗီလာသို့သွားလိုက်ကြသည်။ လမ်းတွင်‌ဟွိုက်ရှင်းသည် ဆရာသခင်လင်းယွင်အကြောင်းအလွန်လေးစားမှုရှိစွာ ပြောပြနေသည် " ကမ္ဘာပေါ်မှာ ဆရာသခင်လင်းယွင်နဲ့ ယှဉ်နိုင်တဲ့သူမရှိဘူး"

အကယ်၍ဟွိုက်ရှင်း၏ချီးကျူးမှုသည် အလွန်ထိန်းချုပ်ထားသည်ဟုဆိုလျှင် ဆုရှောင်းမီ၏ဆရာသခင်လင်းယွင်အားချီးကျူးမှုမှာ အိုက်ဒေါတစခယောက်အကြောင်းအားဖန်တစ်ယောက်၏မြှောင့်ပင့်နေမှုနှင့်တူကာ အရာအာလုံးသည်အလွန်တရာမြောက်ပင့်နေခြင်းနှင့်တူသည်။ " ဆရာသခင်လင်းယွင်က သူအသက်ငါးနှစ်အရွယ်တည်းကပါရမီရှိပြီးသား။ အဆင့်ဝင်တဲ့အထဲမှာသူကအငယ်ဆုံးအကျော်ဇေယျပဲ!"

" တစ္ဆေဝိဉာဉ်ပြန်လည်ဖြစ်လည်လာမှုကျရောက်လာတော့မယ် ကမ္ဘာကြီးလည်းဇောက်ထိုးမိုးမျှော်ဖြစ်ကုန်မယ် အဲ့တာ အခေတ်တုန်းကယွင်မိသားစုခေါင်းဆောင်ဖြစ်တဲ့ ယွင်ကျုံးကျစ် ကတွက်ချက်ခဲ့တာ။ သူကဆရာသခင်လင်းယွင်ရဲ့ အဖိုးပဲ။ ဆရာသခင်လင်းယွင်ရဲ့အဖေကလည်း ဟောကိန်းပြုလုပ်ခြင်းကြောင့်သေခဲ့ရတာ။ သူတို့တွေက ဆရာသခင်လင်းယွင်အရမ်းတော်လွန်းပြီး လျှို့ဝှက်ချက်တွေကိုကြိုမြင်နိုင်တာကြောင့် ဒုက္ခတွေ့မှာအတွက်စိတ်ပူနေကြတာ။ ဒါကြောင့်မို့ သူကို တံခါးပိတ်ကျင့်ကြံခိုင်းပြီး အရွယ်‌မရောက်ခင်အထိ လုံဟူတောင်ကဆင်းခွင့်မပြုခဲ့ဘူး "

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now