Ch.14- Fire Pit Ritual

496 93 3
                                    

Unicode

     လူပုံအလယ်ကောလန် အံ့ဩကာအံကြိတ်၍ စိတ်မပါစွာဆက်ဆိုနေသည် " ခြင်တွေက ဆူညံနေတယ် လူတွေရဲ့နှလုံးကိုစားမယ်။ ခြင်တွေအတောင်ပံ ဖြန့်ပြီးလူတွေရဲ့ အစာအိမ်ကို ဖောက်ထွက်လာတယ်!"

     ဝူရုန်: အာ့။

     "ဟ ဟ ဟ ကြည့်လိုက် ခေါင်းဆောင်ဝူ ခင်ဗျားကို အချိန်မပေးဘူးလို့အပြစ်မတင်နဲ့နော်"

    ကောလန်သည် ရက်စက်စွာပြုံးလိုက်၍ " မနက်ဖြန်မနက်မတိုင်မီမှ ကူမျိုးစေ့တွေမလွဲပေးလာရင် ခင်ဗျားလက်ထက်မှာ ဝူမျိုးဆက်လုံးဝပြတ်ပြီပဲ "

     ထိုနောက်သူရယ်မောကာလှည့်ထွက်သွားသည်။ သူခြေနှစ်လှမ်းလှမ်း၍ ကိုယ်ကိုလူပ်ခါပြီးနောက် တောနက်ထဲဝင်ရောက်ပျောက်ကွယ်သွားသည်။

    သူအဝေးသို့ရောက်သောအခါ သွေးတပွက်အန်သွားပြီ သူ့မျက်နှာတွင်သွေးအရောင်မရှိတော့ပဲ တုန်ယင်နေသည်မှာ ခွေးတကောင်မိုးမုန်တိုင်းအတွင် ဒဏ်ရာအပြငထန်ရကာ ရွဲရွဲစိုနေသကဲ့သို့ပင်။ အပေါင်းအပါများက လန့်သွားကြ၍ ကူညီရန်ပြေးလာကြသည်။

    "ဘာဖြစ်သွားတာလဲ စီရင်စုခေါင်းဆောင်ငယ်?"

    "ထွက်သွား ဒီကထွက်သွား အသုံးမ၀င်ဘူး!"

    ကောလန်သူ့အပေါင်းအပါများကို လက်ဝေ့ယမ်းကာ ထွက်သွားစေသည်။ သူထိန်လန့်ကာဒေါသထွက်နေသည်။ သူ့တကိုယ်လုံး‌ ဒေါသကြောင့် နီရဲနေသည်။ " ဘယ်သူကသူ့ကို သာမန်လူလို့ ပြောလိုက်တာလဲ? ငါ့ကိုသတ်ချင်နေတာလား?"

     အခုသူ့တွင်သွေးများ ပြန်ကန်ထွက်နေသည်။ သူခဏမျှထိန်းထားသော်လည်း သူမျက်နှာဖြူဆုတ် ‌နေသည်။ သို့သော်သူ့နှလုံးသားကိုရိုက်ခတ်နေသောလိူင်း လုံးများနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။ -- သူနှင့်ခြင်တစ္ဆေဆယ်ကောင်အဆက်သွယ်ပြတ်သွားတယ်! ကလေးအဆိပ်ပျောက်ရုံမက မိခင်အဆိပ်ပါပျောက်သွားတယ်! သူ့တို့ကိုအသိုက်ထဲကပြန်ခေါ်သွားတယ်!

     ကောလန်နှလုံးသား သွေးထွက်ကာ နာကျင်သွားသည်။ သူသည် သူမှာရှိသမျှ အရင်းအမြစ်အားလုံးသုံးကာ ထိုအဆိပ်ကြိ မွေးမြူခဲ့ခြင်းဖြစ်သည်။ သူသည် ထိုအဆိပ်ကောင်များကို လူတချို့ကျွေး၍ သူ့ကိုယ်ပိုင်အသက်ဓာတ်အဆိပ် ဖြစ်စေချင်တာဖြစ်သည်။ ဘယ်သူကထင်မလဲ ပထမဆုံးထုတ်သုံးသည့်အကြိမ်မှာပင် အကြီးအကျယ် ပြောင်းပြန်လှန်‌သည့် ရူံးနိမ့်မူနှင်ကြုံမည်ဆိုတာ!။ သို့သော် ကောလန် သူ့အဖေတွင် ကလေးများစွာရှိသည့် အတွက် ဒီကိစ္စကို မပြောပြချင်ပေ။ သူ၏စီရင်စုခေါင်းဆောင်ငယ်ရာထူးသည် မတည်ငြိမ်သေးပေ။ တစ္ဆေဆယ်ကောင်သည် သူ့အရင်းအနှီဖြစ်သည်။ တယောက်ယောက်ထိုအကြောင်းသိလျှင်သူ့အဆုံးသတ်က ဝမ်းနည်းစရာပင်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now