Ch.57-Clooooouds

254 44 9
                                    

|| Unicode ||

     အစမှအဆုံးထိ ပွဲကြည့်နေကြသောလူအုပ်မှာ ထိုအရာကြောင့် လူခွဲခံလိုက်ရပြီး အများစုမှာ တချက်သာကြည့်ပြီးထွက်သွားကြတော့သည်။ နောက်ဆုံးတခေါက် တစ္ဆေဈေးထဲ၌တွေ့ခဲ့ရစဉ်နှင့် ယှဉ်လျှင် သူရှေ့ရှိဆုရှောင်းမီမှာ ဖရိုဖရဲဖြစ်နေလေသည်။ သူကိုယ်ပေါ်မှအဝတ်တို့သည် နေရာများစွာဆုတ်ပြဲနေပြီး မြင်နေရသည့်အရေပြားတို့မှာလည်း ဒဏ်ရာတွေနှင့်ပြည့်နေသည်။ ဒဏ်ရာမရထားသည့် တစ်ခုတည်းသော မျက်နှာမှာ လျှပ်စီးလျှော့ရိုက်ခံထားရသဖြင့် အကြောဆွဲနေသည်။ သူအံကြိတ်ထား၍ အော်သံတဝက်တောင်မထွက်စေခဲ့။

    " ဝမ်းကွဲ မင်းသူ့ကိုသိလို့လား?"

     ဝူရုန်အနည်းငယ်မျှရပ်ဆိုင်းသွားသည်ကို ပိုင်ကုသတိထားမိကာ သူအကြည့်နောက်လိုက်ကာ မြေပေါ် လဲကျနေသူကိုကြည့်ပြီး မျက်မှောင်ကြုတ် ၍ " သူလည်ပင်းတဝိုက်မှာ လျှပ်စစ်စက်ကွင်းရှိနေတယ် ဒါပေမယ့် သူကလွတ်မြောက်လာတဲ့ အကျဉ်းသားမဖြစ်နိုင်ဘူး အာ့တာက တရားမဝင်အပြစ်ပေးခြင်းပဲ"

     ဒါပေါ့ ငြိမ်ချမ်းတဲ့နေရာကသာမန်လက်ထိပ်မျိုးမှာ တစ္ဆေမွေးဖွားသူလို့စွမ်းရည်ရှိသည့် အန္တာရယ်ကြီးမားသောရာဇဝတ်သားများကို ဖိနှိပ်နိုင်မည်မဟုတ်။ တစ္ဆေများမှာ မိုးကြိုးနှင့်လျှပ်စီးကိုကြောက်ကြသဖြင့် လျှပ်စီးလည်ပတ်နှင့် လျှပ်စစ်လက်ထိပ်တို့မှာ ရဲဘက်သုံးပစ္စည်းများဖြစ်လာသည်။ သို့ပေမယ့်ပြဿနာမှာ လူအြပ်ထဲမှထွက်လာသည့်သူများမှာ ပြည့်သူလုံခြုံရေးဝန်ထမ်းများမဟုတ်တာထင်ရှားသည်။ ထိုကဲ့သို့ အတုယောင်လွတ်မြောက်ခွင့်ပေးခြင်းကိုသုံး၍ တဖက်သူအား လွတ်မြောက်စေပြီးမှ ထွက်ပြေးရာလမ်းတွင်အလျင်မလိုပဲ ကြောင်ကကြွက်ကိုဖမ်းသလိုမျိုး နည်းကိုသုံးခြင်းသည် တဖက်လူ၏လွတ်မြောက်လိုစိတ်ကို အပြီးတိုက်ချေမှုန်းခြင်းဖြစ်ရာ လုံးဝစက်ဆုပ်စရာကောင်းသည်။

    "ပြေးလေ ထပ်ပြေး!"

    လျှပ်စစ်ရှော့မှာ မိနစ်ဝက်သာကြာမြင့်ပြီး ဆုရှောင်းမီ၏ကိုယ်မှာလျှပ်စီး ရပ်တန်သွားသည့်တိုင် အကြောဆွဲနေစဲဖြစ်သည်။ ရောက်လာသူမှာ အလျင်လိုမနေ သူခေါင်းပေါ်ခြေချလိုက်၍ မြေပေါ်သို့နင်းချေခံလိုက်ရရာ  သူ၏ခြေထောက်များ နှေးကွေးစွာ ကွေးသွာသည်။ ဆူညံပူညံအသံများကျယ်လွန်းသွားရာ အစောင့်များအား သတိထားမိ‌သွားစေသည်။ အစောင့်များအနားရောက်လာသည်ကိုတွေ့သောအခါ ဆုရှောင်းမီခေါင်းပေါ်တက်နင်းထား‌သူ မျက်မှာမူန်ကုပ်ကုန်နှင့်ခါးတုတ်တုတ်လူသည် သူအိတ်ထဲကျောက်တုံးကိုထုတ်ယူ၍ လက်ထဲဖျတ်ဆီးပြီးနောက် အသံကျယ်ကျယ်ဖြင့် :

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now