Ch.54-Black,black, black, black

266 44 1
                                    

|| Unicode ||

    လမ်းတလျှောက်ပိုင်ကု တိတ်ဆိတ်နေပြီး ဝူရုန်သည်လည်းစကားမပြော။ ဟွမ်မောင်သည် လက်ရှိ တစ္ဆေတိုက်ခိုက်ခြင်းပလက်ဖောင်း၏ ဦးစားပေးပေါလစီများနှင့် လုပ်ဆောင်ချက်များ‌အကြောင်းပြောပြနေသည်။ တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်လေထုတခုခုမှားနေသည်ကို သတိထားမိကာ နောက်ဆုံး‌ တော့ ပါးစပ်ပိတ်သွားလေသည်။ သူတို့တက္ကစီခေါ်လိုက်ကြသည်။ လမ်းတလျှောက်အံ့ဩဖွယ်ကောင်းလောက်အောက်တိတ်ဆိတ်နေသည်။ အရမ်းတိတ်ဆိတ်လွန်းသည့်အတွက်တက္ကစီပင်စကားစရှာမရပေ။

   "အာ?"မိုးရွာတော့မှာပဲ အဲ့အချိန်ဆို *Beacon တောင်တန်း ဆီပြန်လို့မရမှာတောင်စိတ်ပူမိတယ်။(* Beacon hillသည် ဟောင်ကောင်ရှိ Kowloon ကျွန်းဆွယ်မြောက်ဖျားပိုင်းတွင်းတွင်တည်ရှိသောတောင်တန်းဖြစ်သည်ဟောင်ကောင်ရှိအမြင်ဆုံးတောင်တန်းတွင် နံပါတ်၇၁ချိတ်ပြီး 457m မြင့်သည်)

     " လူငယ်လေး မင်းအဝါရောင်မြွေပါဘုရားကျောင်းကိုသွားပြီး လက်ထပ်ထိမ်းမြားဖို့သွားကြည့်မို့လား အာ?"

    ဒါရိုက်ဘာသည် Teochew ဒေသစကားဖြင့်ပြောနေသောကြောင့် ဝူရုန်နှင့်ဟွမ်မောင်တို့ အလုံးစုံနားမလည်။ သူတို့တက္ကစီစစီးသည်နှင့် ပြောဆိုဆက်ဆံရန်အတွက်ပိုင်ကုအား  ဒါရ်ိုက်ဘာနှင့် ဝူရုန်ကြား ဘာသာပြန်အဖြစ်မှီခိုအားထားရတော့သည်။

    " သူပြောတာက မိုးရွာနေမှာမို့ ငါတို့အခုသွားရင် တောင်ပေါ်မှာ ပိတ်မိနေမယ်တဲ့"

    "ဟမ်? မိုးရွာမယ် ?ငါတို့ဆက်သွားသင့်လားမနက်ဖြန်မှသွားကြမလား?"

    ဟွမ်မောင်သည် ကြည်လင်နေသောကောင်းကင်ကိုမော့ကြည့်ကာ သူခေါင်းထဲတွင်‌မေးခွန်အမှတ်သားများစွာပေါ်လာနေသည်။ ဝူရုန်သည် ကားပေါ်စရောက်စဉ်ကပင်မူးဝေနေပြီး ခုထိကားမူးနေသေးသည် သုပြတင်းပေါက်အားအနည်းငယ်ဖွင့်ပြီးနောက် မျက်လုံးများမှိတ်ကာအနားယူနေသည်။ ပိုင်ကုသည် ဝူရုန်၏မျက်နှာသွင်ပြင်အားဂရုတစိုက်လေ့လာပြီးနောက် ဂရုတစိုက်ပြောသည်" တောင်ပေါ်မှာ နေစရာနေရာတစ်ခုသိထားတယ် ဒါပေမယ့် လူမနေတာကြာပြီဖို့ နည်းနည်းတော့ဟောင်းနွမ်းနေနိုင်..."

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now