Ch.33.1-Kaka,Kaka

354 65 6
                                    

|| Unicode ||

    ဝူရုန်သူ၏မိုဘိုင်းဖုန်းမှတဆင့် တိုက်ရိုက်လွှင့်ခန်းဆီသို့ သူ့အကောင့်ဖြင့် လော့အင်ဝင်လိုက်သည်။ ဒီတကြိမ် ထင်းကန်ထဲမှ သူတို့၏တိုက်ရိုက်လွှင့်ခန်း အကောင့်သည် တရားဝင် စာရင်းသွင်းထားပြီးဖြစ်သည်။ တိုက်ရိုက်လွှင့်သူမည်သူမဆို ကြည့်ရူသူအရေတွက်က ခုန်တက်လာမည်ဖြစ်သည်။ ဝူရုန်စတင်ပြီးတိုက်ရိုက်လွှင်ရန် အတည်ပြုလိုက်သည်နှင့် သောင်းကျော်သော ကြည့်ရူသူများ တိုက်ရိုက်ခန်းထဲသို့ ဝင်ရောက်လာကာ အရေတွက်မှာလည်း ဆက်လက်တိုးပွားနေသည်။

    ကြည့်ရူသူများသည် စခရင်တစ်ခုလုံးမေရာယူထားသောကြောက်စရာကောင်းသည့် မြွေမျက်နှာကြောင့်ကြောင်အသွားကြသည်။

    [ ငါလူး ငါအခုတင်နံပါတ်၁တိုက်ရိုက်ခန်းကလွှတ်မြောက်ရုံရှိသေးတယ် မင်းက ဒီလိုမြေအောက်လောကအရာမျိုးကိုပြသထားတယ်ပေါ့ ? ? ?  ]

    [ နံပါတ်၁တိုက်ရိုက်ခန်းက စစ်ဆေးသူကိုကယ်တင်ပေးပါ! တစ္ဆေတွေဖမ်းဆီးခံရလို့ သူသေတော့မယ်! ]

    [ စစ်ဆေးသူကိုကယ်ပါ? ဘယ်သူကငါ့ကိုလာပြီးကယ်မှာလဲ အဲ့အရာကဘာကြီးလဲ အာ့တာကဘာလို့အရမ်းနီရဲပြီး သွေးသံရဲရဲဖြစ်နေရတာလဲ ထုတ်လွှင့်သူကရှင်ရက်နဲ့တစ္ဆေတစ်ကောင်မြိုချခံလိုက်ရတာများလား ? !]

    [ ဒီကဘယ်တိုက်ရိုက်လွှင့်ခန်းလဲ ? တိုက်ရိုက်ခန်း နံပါတ်3? တနေ့ထဲ စစ်ဆေးသူနှစ်ယောက်သတ်ပြတာအရမ်းစိတ်လူပ်ရှားဖို့ကောင်းလို့လား ? ]

    [ မင်း ပိုစ်တင်ရင်တောင် တင်ဆက်သူက barrageကိုမမြင်နိုင်ဘူး ]

    [ မင်းတကယ်လို့ငါ့ကိုမမြင်နိုင်ရင် ငါဒါကို လည် ပိုစ်တင်ပစ်မယ်။ စခရင်ကို ဘလော့ထားတာကောင်းတယ်၊ မင်းရဲ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ကျည်ဆံလိုစခရင်ဆီလာခဲ့]

     [ ဝူး... တင်ဆက်သူကတကယ်ကြီးရှင်ရက်နဲ့မြိုချခံလိုက်ရတာလား ၊ သူတို့ကိုဘယ်သူမှလာမကယ်ဘူးလား? ]

     [ တင်ဆက်သူနံပါတ် ၁က တကယ်ကို သေဖို့ကြိုးပမ်းနေတဲ့သူပဲ ဘယ်သူက သူ့ကို ဗောဒိစေ့ကိုထားခဲ့ဖို့ပြောလို့လဲ ထင်းကန်ထဲ ဒီလိုလုပ်ရဲတာမို့ သူနဲ့ထိုက်တန်တယ် ]

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now