Ch.52.1-Tick tack tick tack

284 51 0
                                    

|| Unicode ||

    ကျုံးကူအား တက်နိုင်သမျှမြန်မြန်ဥပေါက်ရန်လိုအပ်နေသေးသည်။

    ကျုံးကူသည် ‌မြောင်ကျန်းဒေသရှိအထွတ်အမြတ်ပစ္စည်းတစ်ခုကာ နတ်ဆိုးမြောင်များ လိုချင်နေခဲ့သည်မှာကြာလှပြီဖြစ်သည်။ ၎င်းမှာ ကူများစွာကို ဓာတ်ကူထောက်ပံခြင်းနှင့် ထိန်းချုပ်နိုင်ရုံသာမက ကမ္ဘာပေါ်ရှိတစ္ဆေနယ်မြေထဲသို့ဖြတ်သန်းသွားလာနိုင်သည့် ကူဖြစ်သည်။ ၎င်းသည် တစ္ဆေများကိုအဆိပ်သင့်နိုင်စေကာ တစ္ဆေအဆိပ်ထက်ပို၍ပြင်းထန်သည်။ သေချာလေ့ကျင့်လိုက်လျှင် တစ္ဆေဘုရင်ကိုပင် ခြိမ်းခြောက်ရန်သုံးလို့ရပေသည်။ ကျုံးကူဥပေါက်ပြီးလျှင် ဝူရုန်သည် ၎င်းကိုသုံး၍ တစ္ဆေကြီးနှင့် အတူတကွ သေခြင်းရှင်ခြင်း ဝိဉာဉ်စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။

    ဝိဉာဉ်စာချုပ်နှင့်ဆိုသည် သူသည် ‌တစ္ဆေကြီးကသခင့်အား ပြန်သတ်မည်ကို စိတ်ပူစရာမလိုတော့ပေ။

    "ဒါကိုကြည့်"

    သူအခုတစ္ဆေကြီးအကြောင်းမပြောသင့်တော့သော်လည်း ကျုံးကူကတော့အဆင်ပြေသေးသည်။ ဝူရုန်သူနဗျင့်ခဏမျှစကားပြောပြီးနောက် ပိုင်ကုပေးလိုက်သောစာကိုထုတ်လိုက်သည်။ မ‌မျှော်လင့်ပဲ ဖုချင်မှာတချက်သာကြည့်၍ ပြောလာသည် " ငါ ကျိုးရှင်းဟုန်ရဲ့ ‌စုံညီကျောက်လောင်းပွဲ ဖိတ်ကြားလွှာ ရထားတယ် "

    ဝူရုန် ????

    " လုံဟူတောင်တန်းကလူတွေကငါ့ကို ပေးလိုက်တာ "

    ဖုချင်း အမှုမထားစွာ ဆက်ပြောသည် " ကျောက်လောင်းပွဲကအသေးစားပြပွဲလေးတစ်ခုခုသာသာပဲ။ ဒါ့အပြင် ကျုံးရှင်းဟုန်က စွမ်းရည်ရှိသူတွေနဲ့ ပါရမီရှိသူအများကြီးကိုငွေကြေးအမြောက်မြားကုန်ကျခံပြီးဖိတ်ခေါ်ထားသေးတာ။ သူ တချို့သော နတ်ဆိုးဝိဉာဉ်တွေနဲ့ တွေ့ထားလို့ဖြစ်မယ် "

    ထိုအကြောင်းကိုပြောပြီးနောက် ဖုချင်းမှာနားလည်သွားကာ ရုတ်တရက် ဝူရုန်ကိုကြည့်လိုက်ပြီး " သွားချင်လို့လား?"

    ဝူရုန်ရူပ်ထွေးနေသောစိတ်နှင့်ခေါင်းငြိမ့်လိုက်ကာ " ပိုက်ဆံမလောက်ဘူး "

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Où les histoires vivent. Découvrez maintenant