Ch1.1 Rebirth

3.3K 268 2
                                    

Unicode

ဒါကအိမ်မက်ပဲဖြစ်ရမယ်

ဝူရုန်သည်ဘားရှိထိုင်ခုံပေါ်ထိုင်းရင်အမူယာကင်းမဲ့စွာတွေးတောနေမိတယ်။
အဲ့လိုမှမဟုတ်ရင်သူက ဘာလို့တက္ကသိုလ်ကအရူး၀က်ခေါင်းပုံဆံပင်ဖြီးထားတဲ့လူယုတ်မာကောင်ရွှမ်အန်းကိုမျက်နှာချင်းဆိုင်မှာထိုင်နေတာကိုမြင်ရမှာလဲ။

ဝူရုန်သည် ရွှမ်အန်းကခေါင်းဆောင်သမီးနဲ့လက်ထပ်မယ်လို့ကြားရတဲ့မိုးသည်းညမှာအဝေးပြေးလမ်းပေါ်တွင်သေဆုံးခဲ့သည်။ထိုအချိန်ကဝူရုန်သည်အလုပ်ပြီးပြီးချင်းတချက်တောင်မနားပဲ တညလုံးအမြန်မောင်းလာခဲ့သည်။နောက်ခုံတွင်ရွှမ်အန်းအတွက်ကိတ်တလုံးရှိနေသည်။ရွမ်အန်းကအတိတ်ကထိုကိတ်ရဲ့အရသာကိုတမ်းတကြောင်းပြောခဲ့ဖူးတာမို့ယန်ကျားဖင်းသို့သွား၍၀ယ်လာခဲ့သည်။

ရွမ်အန်းမွေးနေ့ကိုမနက်ခင်းကျင်းပပေးချင်သောကြောင့်ကားကိုအမြန်မောင်းခဲ့ပြိး ကားမတော်တဆဖြစ်သွားသောအခါသူ့အသွေးအသားတွေနဲ့ကိတ်ကရော၍အတူဆွေးမြေ့ပုပ်သိုးသွားခဲ့သည်။

သို့သော်ဝူရုန်ကသေပြီးနောက်ငရဲကိုသွားရမည့်အစားသူ့ဝိဉာဉ်ကိုအိမ်သို့ဆွဲခေါ်ခဲ့သည်။ရွှမ်အန်းသည် သူ့အသုဘတွင်ကြောင်သေးတချို့ချနေပုံ၊သူ့ငွေတွေနဲ့လည်ပတ်ပြီးစိန်လက်စွပ်တစ်ကွင်း၀ယ်နေပုံ၊လက်ထပ်ပွဲတွင်ခေါင်းဆောင်သမီးလက်ကိုကိုင်ထား၍ပြုံးပျော်နေပုံ၊သူတို့နှစ်ဦးငါးနှစ်ကြာဝေးကွာသည့်အချစ်ရေး၏အောင်မြင်မူကိုကြေညာနေပုံများကိုကြည့်နေခဲ့သည်။ဝူရုန်ကအာ့တာတွေမြင်ပြီးတဲ့အခါ ခေါင်းဆောင်သမီးနဲ့ထိုလူယုတ်မာတွဲဖက် စာရေးဆရာ ကြားတွင်ကိုယ်လက်နှီးနှောမူမရှိ‌ခဲ့ပေမယ့်5နှစ်6နှစ်လောက်ကြာတဲ့ချစ်သူသက်တမ်းရှိခဲ့ကြောင်းကိုသတိပြုလိုက်မိသည်။

ဝူရုန်၏အတူတူအသက်ကြီးလာဖို့ယုံကြည်ချက်သည်လှောင်ပြောင်စရာတခုဖြစ်နေခဲ့သည်။ထိုသူ့မျက်လုံးထဲဝူရုန်ကATMတစ်လုံးလိုဖြစ်နေမှာတောင်ကြောက်မိသည်။

"အာရုန် မင်းကိုဆေးလိပ်မသောက်ဖို့ပြောထားတာဘယ်နကြိမ်ရှိပြီလဲ? မင်းကောင်းကာင်းလေ့လာပါ့မယ်လိုကတိမပေးခဲ့ဖူးလား? မင်းအာ့လိုဆက်သွားနေမယ်ဆိုဂန်းစတားတကောက်နဲ့ဘာကွာခြားတော့မလဲ?"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now