Ch.27.2-Meow,meow meow/Woof Woof!

393 92 8
                                    

Unicode

     အမိန့်နှင့်အတူ ခွေးကြီးမှာ သံဇလုံထဲခေါင်းနှစ်လိုက်၍စားသုံးရန်မစောင့်နိုင်တော့ပေ။သူသည်စားသုံးမှုထဲနစ်မြုတ်ထားလျှက် သံဇလုံမှာအသံမြည်၍လူပ်ခါနေလေသည်။ ပေါက်စီနှစ်လုံးနှင့်မလုံလောက်သဖြင့် ဝူရုန်အိမ်ပြန်လာစဉ်ကဝယ်ယူခဲ့သောပေါက်စီတစ်အိပ်လုံးယူလိုက်ကာ ယင်ချီအားပျော်ဝင်စေလျက် တစ်ခုပြီးတစ်ခု ဆုတ်ဖြဲပေးနေလေသည်။ ခွေးကြီးသည်တနပ်ထဲနှင့် ငါးလုံးမျှစားပြီးနောက်တွင် တွန့်ဆုတ်စွာနှင့်ရပ်တန်လိုက်လေသည်။ ရုတ်တရက်သူနားတွေကို နိုးကြားစွာထောင်လိုက်ပြီးနောက် တံခါးဆီသို့ဟောင်လိုက်သည်။

    "Bark!,Gar!"

    ခွေးကြီးစားသောက်နေစဉ်ကြောင်သည်တံခါးဆီမှTVဘီဒိုဆီ ရုတိတရက်ရွေ့လိုက်ခြင်းဖြစ်သည်။ သူမျက်လုံးများမှာနောက်ဆုံးတွက်မြွေစိမ်းလေးဆီမှဖယ်ခွာသွားပြီး ဝူရုန်လက်တွေဆီ မြဲမြံစွာကပ်ငြိသွားလေသည်။

     မြလင်ဇီး! သွေးဂျင်ဆင်း! လက်သည်းဝက်လောက်ရှိတဲ့‌တစ္ဆေပုံဆောင်ခဲ!

    သိပ်သည်းပြီးသန့်စင်တဲ့‌ယင်ချီတွေပေါများနေတဲ့သွေး!

    ဘုရားသခင် ! ။ကြောင်၏လောဘကြီးသောမျက်လုံးများနီရဲနေသည်။ ပါရှန်ကြောင်၏မှတ်ဉာဏ်တွေထဲမှသုံးထပ်ဗီလာနှင့် အိမ်ရှေ့ရေကူးကန်ပါသည့်အဆောက်အအုံကိုနောက်ချန်ထားလိုက်ကာ ကြောင်၏မျက်လုံးထဲဝူရုန်သာရှိတော့သည်။

    ဒါကတကယ်ကိုမိသားစုကြီးပဲ! (ဆိုလိုတာချမ်းသာကြွယ်ဝတဲ့မိသားစုကြီးပေါ့🥹 ရုန်ရုန်မွဲတာငါတို့မသိဘူးကြောင်ပေါက်ကိုလည်းမပြောနဲ့)

    သူသည်ကြမ်းကြုတ်သေယခွေးဝိဉာဉ်မှရွေးချယ်ကောက်ယယ၍ဟိုမစားသည်မစားလုပ်နေသည်ကိုတွေ့ခဲ့ပြီး ကြောင်ပေါက်မှာသူနှလုံးသားအားလာကုပ်နေသလိုခံစားရကာ ထိုနေရာတွင်သူ့ကိုယ်သူပင်အစားထိုးလိုက်ချင်သည်။ အထူးသဖြင့်ခွေးကြီးကအရာများစွာငြင်းပယ်ပြီးနောက်ဆုံး၌ပေါက်စီဖြူဖြူများကိုရွေးချယ်သည်ကို တွေ့ရသောအခါ ကြောင်မှာသွားရည်များ ကျလာလေတော့သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now