Ch 4.3 Fu Qing

681 100 0
                                    

Unicode

      အဖွဲ့၀င်များသည် သက်ဆိုင်ရာစွမ်းရည် (သို့) သုတေသန ‌မေးခွန်းများ ဖြေ၍ သက်ဆိုင်ရာအမှတ် နှင့်အဆင့်ရမှသာ အမှတ်တံဆိပ်ရမည်ဖြစ်သည် ။ ဆိုလိုသည်က ဤ စုန်းအဖွဲ့စည်းတွင် အဖွဲ့၀င်နည်းသော်လည်း ၎င်းတွင်အင်အားကြီးသောလူများစွာ ရှိသည်။

     သူသည် ဘာတင်းကြပ်သောလိုအပ်ချက်ရှိမလဲမသိပေ။

     ဝူရုန်သည် အဖွဲ့၀င်ရန်တွေးလိုက်သည်။ တခြားအဖွဲ့စည်းများကဲ့သို့ပင် ထိုအဖွဲ့သည်လည်း အခကြေးငွေအပြင် တ ခြားလြိအပ်ချက်အဖြစ် စာမျက်နှာ၂၃မျက်နှာစာရှိသည် မေးခွန်း၁၀၀၀ဖြေရန် ဖြစ်သည်။
    
     ကလင်...ကလင်

     အိပ်ရာနံဘေးရှိနာရီမှ အချက်ပေးသက်ထွက်လာသည်။ ဝူရုန်လက်ကိုခါထုတ်၍ နာရီကိုပိတ်လိုက်သည်။ မေးခွန်းသုံးပုံတစ်ပုံဖြေ ပြီးချိန်တွင် ညနေ၂နာရီထိုးနေပြီး သူဘားသို့သွားနေကျ အချိန်ဖြစ်လေသည်။ သူဖုန်းကိုဖယ်လိုက်နောက်မှဆက်ဖြေရန် လုပ်လိုက်သည်။ သူမက်တပ်ရပ်လိုက်အခါ နာရီအချက်ပေးသံမရပ်သေးသည်ကို တွေ့လိုက်သည်။

     နာရီအချက်ပေးသံက ဆူညံ၍ ကြည်လင်နေသည်။ အကြိမ်မြည်နေပြီးနောက် အသံကတဖြည်းဖြည်းရောထွေးလာပြီး ဖုန်းမြည်သံနဲ့ တူလာလေသည်။

     ဝူရုန်နောက်သို့‌ဆုတ်လိုက်ပြီး ကျိုးရွှမ်ဖုန်းကို တင်းကြပ်စွာကိုင်ထားသည်။

     " ဂျစ် ဂျစ် ဂျစ်"

      နာရီမှ ဇဝေဇဝါ အသံများ ထွက်လာသည်။ ထိုအချိန်မှာပဲ ဝူရုန်ရှေ့ရှိနာရီ သည် ရေခဲ့အလွှာတချို့ ဖြစ်လာလေသည်။ တစက္ကန့်တောင်စောင့်မနေပဲ ဝူရုန်သည် ကျိုးရွမ်နံပါတ်ကို နိုပ်လိုက်သည်။ တခြားတဖတ်နှင့် မချိတ်ဆက်မီ ဖုန်းသံကကြာမြင့်စွာမြည်နေခဲ့ပြီး ရေခဲလွှာကပိုမိုများပြားလာပြီး ဒေါသထွက်၍ကြောက်စရာကောင်းသော ကလေးမျက်နှာပေါ်လာသည်။

     " ဘုရင်ကြီး မင်းဘာလို့ဖုန်းတလုံးတောင်မ၀ယ်ရတာ "

    " ဖုန်းကတဆင့် ငါဆက်သွယ်မရဘူး "

     " ဘုရင်ကြီး "

     "မင်းသေသင့်တယ် "

_ _ _

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Onde histórias criam vida. Descubra agora