Ch 70 - Lotus Connection

227 41 4
                                    

|| Unicode ||

     ငါ့မှာဘာရှိတယ်?

    ဝူရုန်သူ့လည်ပင်းနောက် သို့ မသိစိတ်အရလှမ်းကိုင်မိသွားသည့်အခါ အနည်းငယ်ရှည်နေပြီဖြစ်သော သူ့ဆံပင်အချို့မှလွဲလျင်ဘာမှမရှိသည့်အတွက် မည်သည့်မူမမှန်မှုမှမခံစားရပေ။ ရုတ်တရက်သူ့လည်ပင်းထက်အပူငွေ့တချို့ခံစားလိုက်ပြီးထိုအရာမှာ ဝူရုန်လက်ဖဝါးမှအပူချိန်ဖြစ်၍ ရုတ်တရက် ထိတွေ့မှုအားဝူရုန် အလိုအ‌ လျောက်ပင် ရှောင်ရှားချင်သည့်တိုင် ဟွိုက်ရှင်း၏စကားများကိုပြန်တွေးမိပြီး ရုတ်တရက်ရပ်လိုက်သည်။

    "ငါ့လည်ပင်းပေါ်မှာဘာရှိနေတာလဲ?"

    ဖုချင်းပြောလိုက်သည် "ငါရဲ့ယန်ချီ"

    ခဏမျှရပ်လိုက်ပြီးနောက်သူဆက်ပြောလာသည် " ပြီးတော့ ပန်းတစ်ပွင့်လည်းရှိနေတယ်"

    ပန်း?

    "ကြာပန်းတစ်ပွင့်ပါ"

(T/nဟုတ်ကဲ့အားလုံးထင်နေသလိုအရာတေမဟုတ်ပါဘူးနော် ကလေးတွေက ဒီတိုင်းရိုးရိုးသားလေးအတူအိပ်တာပါနော် ^_^)

    ဟွိုက်ရှင်းထပ်ပေါင်းပြောလာသည်။

    ဝူရုန်သူနောက်ကျောဘက်တွင်မျက်လုံးမရှိသည့်အတွက် သူ့လည်ပင်းနောက်တွက်ဘာရှိနေသည်ကိုရှင်းရှင်းလင်းလင်းမမြင်ရ။ ဖုချင်းသည် ရှင်းလင်းစွာမရှင်းပြခဲ့။ ဝင်ပေါက်တွင်လူအများ ဝင်လိုက်ထွက်လိုက်ရှိနေရာ သူတို့အဖွဲ့လိုက်တည်ရှိနေမှုသည် လူအများအားဆွဲဆောင်‌ပြီးလျက်သားဖြစ်နေသည်။ စိတ်ပူပန်မိသွားကာ ဟွိုက်ရှင်းသည် သူတို့အား အနီးဆုံး VIPခန်းဆီသို့ခေါ်သွားလိုက်သည်။ တံခါးအားပိတ်၍လော့ချပြီးနောက် ဝူရုန်အားထိုင်ရန်ပြောလိုက်သည်။ ခဏမျှသေချာလေ့လာပြီးနောက် နောက်ဆုံးတွင် အတည်ပြုပေးလိုက်သည် " ဟုတ်တယ် အာ့တာ ပွင့်လွှာ၁၈ချပ်ကြာပန်းပဲ"

    "ကြာပန်း ? အကိုရုန် လည်ပင်းနောက်မှာတက်တူးထိုးလိုက်တာလား?"

    ဟွမ်မောင်၏သံသယများကြားတွင်ဝူရုန်သည် ထင်းကန်း နံပါတ် ၄၄၄ထဲရှိ အမျိုးသမီးသန့်စင်ခန်း မှန်အာရိုက်ခွဲပြီးနောက် ရလာသည့် တစ္ဆေပစ္စည်းတစ်ခုဖြစ်သည့် ကြေးမုံပိုင်းတစ်ခုကိုတည်ငြိမ်စွာထုတ်ယူလိုက်သည်။ ဝူရုန်သည် သူအိမ်မှထွက်လာစဉ်က တန်ဖိုးရှိပစ္စည်းအားလုံးအားသူနှင့်အတူယူလာခဲ့ပြီး ကျားယန်တွင် ဂျေဒိုက်ကိုဝယ်ရန်ပိုက်ဆံလိုသည့်အခါရောင်းချသွားမည်ဖြစ်သည်။ ခုထိဘယ်အရာမျှမရောင်းရသေးပေ။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now