Ch.42.1-Róngróng, Róngróng

262 62 2
                                    

|| Unicode ||

    "ဘန်း!"

    သေနတ်ပစ်သံထွက်လာပြီး တစ္ဆေခေါင်းမှာ ရေဘောလုံးလိုပေါက်ကွဲသွားကာ ချွဲပစ်ပစ်ပြည်များနှင့်ပြန့်ကျဲ‌ နေသောသွေးတစ္ဆေစွမ်းအင်များ ကို ကျည်‌မှထွက်ပေါ်လာသောငွေရောင်အလင်းတန်းများကဝါးမြိုသွားသည်။ ခန်ကျင်းပိုင်သည်ငွေရောင်အလင်းရှိ တမူထူးခြားသည့်ပုံသဏ္ဍာန်ရှိသေနတ်ကိုညာလက်တွင်ကိုင်ဆောင်ထားသည်။ ငွေရောင်မီးခိုးများထွက်နေသေးပြီး သူဘယ်လက်ထဲထိငွေရောင်မှတ်စုကိုလှန်လိုက်သည်။

    "*Hitouban(ဒဏ္ဍာရီလာလည်ပင်ရှည်မကောင်းဆိုးဝါး)၊ နာကျည်းချက်တစ္ဆေ၊ အသက်ရှင်လျက်အစားခံရပြီးနောက်တစ္ဆေပုံဆောင်ခဲနှင့်အလောင်းတွင်းမှ ဖြစ်ပေါ်လာသည်။ သူသည်ဆင်ခြင်တုံတရားမရှိ သူ့ကိုသတ်သူ၏ကြိုးကိုင်ခြယ်လှယ်ခြင်းကိုခံရသည်။ သူ၏မူလအမည်မှာ ရူလဲ့ဖြစ်ပြီး သေဆုံးသည့်နေရာမှာ ဗဟိုပန်းခြံဖြစ်သည် "

    "*Hitouban(ဒဏ္ဍာရီလာလည်ပင်ရှည်မကောင်းဆိုးဝါး)၊ နာကျည်းချက်တစ္ဆေ၊ အသက်ရှင်လျက်အစားခံရပြီးနောက်တစ္ဆေပုံဆောင်ခဲနှင့်အလောင်းတွင်းမှ ဖြစ်ပေါ်လာသည်။ သူသည်ဆင်ခြင်တုံတရားမရှိ သူ့ကိုသတ်သူ၏ကြိုးကိုင်ခြယ်လှယ်ခြင်းကိုခံရသည်။ သူ၏မူလအမည်မှာ ရူလဲ့ဖြစ်ပြီး သေ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

    "ဂရုစိုက်!"

    အမှောင်ထဲတွင်စူးရှသည်ရယ်သံတစ်ခုပြီးတစ်ခုပဲ့တင်လာကာ အနက်ရောင်တစ္ဆေမျက်လုံးတစ်စုံမှအမှောင်ထဲပွင့်လာပြီး ဒွါရခုနှစ်ပေါက်လုံးသွေးယိုစီးနေပြီး ငိုလိုက်ရယ်လိုက်နှင့် သူတို့နှစ်ဦးဆီပြေးဝင်လာသည်။

    " လျှို့ဟူကဒီမှာပဲ!"

    အဝေးနံပါတ်၉သင်္ချိုင်းမြေအားရှာမတွေ့မီတွင် ဗဟိုပန်းခြံ၌လူဆယ်ယောက်ထက်မကပျောက်ဆုံးခဲ့သည်။ လျှို့ဟူသည် ခွေးတစ္ဆေများအားနှစ်ပေါင်းများစွာပျိုးထောင်ခဲ့သည်ကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ခွေးတစ္ဆေများလက်အောက်တွင် ‌လူများမရေမတွက်နိုင်အောင်သေဆုံးခဲ့လိမ့်မည်။ အခုကြည့်ရသည်မှာ သူသည် ခွေးတစ္ဆေများကို‌အသွေးအသားတွေကျွေးရုံမက သူတို့၏ဦးခေါင်းများကို နတ်ဆိုး များဖြစ်စေကာ ပျံ‌သန်းနေသောဦးခေါင်းများအဖြစ်ပါလေ့ကျင့်ခဲ့ပုံရသည်။ ခွေးတစ္ဆေများကိုထိန်းချုပ်ခြင်းအားဖြင့် ရက်စက်ကြမ်းကြုတ်သည့်ခေါင်းပျံများသည်လည်း သူထိန်း‌ချုပ်မှုအောက်ရောက်လာလေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now