Ch.10 Miao Village

580 90 1
                                    

Unicode

     " တစ္ဆေ...ထိန်း?"

      " ဟုတ်တယ်...မင်းရဲ့ ဘယ်လက် မှာ တစ္ဆေလိုင်းတွေရှိတယ် "

       ကျိုးရွမ်းရှင်းပြလာသည် "အခုမှစမွေးတဲ့ တစ္ဆေတွေကအလင်းရောင်မခံနိုင်ဘူး ဒါကြောင့်ပတ်တီးစည်းထားတာ။ တစ္ဆေမှတ်ပေါ်တာနဲ့ မင်းတစ္ဆေမွေးတာအောင်မြင်ပြီပဲ။ တလကြာအခြေတည်မူကာလပြီးရင် ပြည့်သူ့လုံခြုံရေးဗျူရိုကိုသွားပြီး လေ့ကျင့်ရေသင်တန်းတွေတက်လို့ရပြီ "

      " ငါထင်တာ အဲ့တစ္ဆေက မင်းကိုအသည်းအသန်စားချင်နေသော တစ္ဆေကောင်လေးပေါ့။ ဒါမယ့်ဘသူကထင်မလဲ တစ္ဆေချီက ကောင်းကင်နဲ့မြေကြီးကိုပြောင်းလဲသွားစေပြီး ကောင်းကင်ပါပြိုကျလာစေမယ်လို့လေ! သူကမင်းကိုယ်ပေါ်ကလွဲရင်တခြားပုန်းစရာမရှိဘူးတော့အာ့တော့မှားပြီး အိမ်မွေးတစ္ဆေဖြစ်လာတာပေါ့။ မင်းချောက်ကမ်းပါး ကိုကျသွား‌ ပေမယ့် မသေတာ အာ့‌တာကြောင့်ဖြစ်မယ်။ တစ္ဆေလေးကတော့တော်တော်ဆိုးဆိုးပျက်စီးသွားတယ်။ အဲ့တာလေး က အပိုင်းအစလေး ဖြစ်တာတောင် သူ့ရဲ့အလားအလာက ငါမှန်းရသလောက် အနည်းဆုံး အဆင့် 1500 ထဲပဲ။ သာမန်လူအတွက်ပြန်ကောင်းဖို့ခက်တယ် ဒါကလည်းမင်းရဲ့ ကိုယ်ပိုင်ကံကောင်းမူပါပဲ "

     အခြေနေအချက်လက်များ ကျိုးကြောင်းဆီလျော်မူရှိသော်လည်း ဝူရုန်ရှင်းရှင်းလင်းမှတ်မိသည်။ တစ္ဆေလေးရဲ့ လက်အရိုးကိုသူကိုယ်တိုင်ဝါးမျိုလိုက်ပြီး ဝိဉာဉ်ကသေဆုံးသွားတာကို သူ့ကိုဘယ်လို လွှမ်မိုးနိုင်တော့မှာလဲ?

      ကျိုးရွမ်ကအမှန်တွေပြောတာဆိုရင် သူ့ကိုယ်ထဲတစ္ဆေတကောင်ရောက်နေတယ်...။

     ဝူရုန်သူ့ဘယ်လက်ကိုမသိမသာကိုင်ရင်အသံတိုးရင်မေးလာသည် " ချောက်ကမ်းပါး အောက်ခြေမှာကျွန်‌တော်တယောက်တည်း?"

     "ဟုတ်တယ် "

     "ကျွန်တော်..."

      ဝူရုန်စကားပြောတရပ်လိုက်သည်။

      အစကတော့ ဝူရုန် မိုးကြိုးဆုတ်ဖြဲပစ်သော အနီရောင်တစ္ဆေအကြောင်းပြောချင်ပေမယ့် တစ္ဆေလေးအရိုးကိုဝါးမျိုပြီးနောက် သူ့စွမ်းအားတိုးလာပြီး ချောက်ကမ်းပါးကိုပြုတ်ကျစဉ် သူမြင်ကွင်းကိုသတိရသွားသောအခါ သူ့ပြောချင်တာကို မျိုသိပ်ထားလိုက်သည်။ သူမှာဖြစ်နေသောအရာတွေကသာမန်မဟုတ်ပေ။ တစ္ဆေလေးက သူ့ကို "ဘုရင်" လို့အမြဲခေါ်နေပြီး အစကသူဂရုမစိုက်ပေမယ့် အခုတော့ ဖြစ်နိုင်ချေမရှိမှန်းသိသွားသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now