Ch.35.1- Cluck cluck, cluck cluck cluck

354 72 1
                                    

|| Unicode ||

    မြို့ငယ်လေးဟုခေါ်လို့ရသော်လည်း တိုးတက်မှုမှာ မြို့ကြီးများကဲ့သို့ ဈေးဝယ်စင်တာများနှင့် မိုးမျှော်တိုက်များရှိလေသည်။ သို့သော်လည်း ပြိုကျပျက်စီးနေသော အဆောက်အအုံများမှာ မြို့စွန်မှ မြို့လယ်ထိ ဆန့်ထွက်နေသည်။ အခုဝူရုန်ရပ်နေသောမြေပြင်မှာ ကျွံကျနိမ့်ဆင်းနေကာ မြေလွှာပြတ်ရွေ့ကြောမှာ ကြီးမားကာမညီမ ညာသောဘဲဥပုံစံ ဖြစ်ပေါ်နေသည်။ ကြောက်စရာကောင်းသည့်အကောင်ကြီးမြို့ကိုဖြတ်သွားပြီးနောက် လူတစ်ရာလောက်ဝင်ဆန့်နိုင်သည့် နက်ရှိုင်းသောခြေရာကြီးချန်ထားခဲ့သလိုပင်။

    ခြေ‌ရာအောက်ထဲတွင် ကျိုးပျက်နေသောအဆောက်အအုံများမှာ သွေးများနှင့်အနည်အနှစ်များစွန်းထင်းနေပြီး အရေတွက်မည်မျှရှိသလဲမသိရသောလူများသေဆုံးခဲ့သည်။

    ဝူရုန်အခြေနေကောင်းသေးသောဆိုင်ထဲတွင်ပုန်းနေပြီး သွေးမိုးများ‌ကြောင့်ထင်သည် သူ၏မူလ ဖောက်ထွင်းမြင်ရပြီးထင်ယောင်ထင်မှားရုပ်သွင်မှာပို၍ပီပြင်လာကာ ပုလဲအရောင်နှင့်အတူ အသစ်ဖြစ်ပေါ်လာသော‌တစ္တေ နှင့်ပင်တူသည်။

     ရုတ်တရက် မြေကြီးထဲမှလက်တဖက်ထွက်လာပြီးဝူရုန်ခြေချင်းဝတ်ကိုဆွဲကာမြေကြီးထဲဆွဲချလေသည်။

    "လူငယ်လေး ဘာလို့များဒိလောက် မဆင်မ‌ခြင်နေရတာလဲ? သွေးတွေရွဲရွဲစိုသွားရင် ရူးသွပ်ပြီး တစ္ဆေအဖြစ်ပြောင်းသွားနိုင်တယ် "

    ဝူရုန်လက်ပြန်နှင့်တိုက်ခိုက်လိုသောအတွကိုဖိနိုပ်လိုက်ရင်း နောက်ဘက်သို့ကြည့်လိုက်သည်။ သူသည် ပုလဲအရောင်နှင့်လူအိုကြီး ၏မျက်နှာပေါ်တွင် ဂရုစိုက်နေအသွင်ပြင်နှင့်တွေ့လိုက်သည်။ သူအပေါ်ပိုင်းကိုယ်ထည်မှာ ပုံမှန်ဖြစ်သော်လည်း အောက်ပိုင်းမှာ သွေးအိုင်ထဲနစ်မြစ်နေလေသည်။

    ဦးလေး ကြီးသည်လည်း တစ္ဆေဖြစ်သော်လည်း သူ့တွင် တစ္ဆေတစ်ကောင်၏နာကျည်းချက်မျိုးမရှိပေ။ သူတွင် ကြင်နာတက်သောမျက်ခုံးနှင့်မျက်လုံးများရှိကာ သူအသွင်ပြင်မှာ ငြိမ်ချမ်းလှသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now